APM၊ ဒီဇမ်ဘာ ၄/ ၂၀၂၄
ဒီဇမ်ဘာ ၃ ရက်နိကစလို့ ရောက်တေနီရာက ၎င်းရို့တပ်တိ ချက်ချင်းအပစ်အခတ်ရပ်စဲပြီးကေ စစ်ကောင်စီတပ်တိကို အစပြုတိုက်ခိုက်ဖို့မဟုတ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ကြေညာပါရေ။
စစ်ဖီးဒုက္ခဒဏ်ကို ပြင်းထန်စွာ ခံစားနီရရေ အပြစ်မဲ့ပြည်သူလူထု၏ အကျိုးကို ငဲ့ညှာထောက်ထားဖို့၊ တရုတ် – မြန်မာ နယ်စပ် တည်ငြိမ်အီးချမ်းရီးကို ကာကွယ်ထိန်းသိမ်းဖို့၊ ပြည်တွင်းစစ်ရီးပဋိပက္ခတိကို နိုင်ငံရီးနည်းလမ်းနန့် ဖြီယှင်းနိုင်ဖို့နန့် ဒေသတွင်း ငြိမ်းချမ်းရီးကို လက်တွိကျကျ အကောင်အထည်ဖော်ဖို့အတွက် အဂုပိုင် ထုတ်ပြန်လိုက်စွာလို့ ဆိုပါရေ။
“ဒေနိမှစ၍ မိမိရို့တပ်များသည် ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုတိုက်ခိုက်မည်မဟုတ်ပေ” လို့ ဖော်ပြထားပါရေ။
တရုတ်နိုင်ငံ၏ ကြားဝင်စိစပ်ပီးမှုအောက်မာ လားသျှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တိကို တွိဆုံဆွေးနွေးရေ လမ်းစဉ်နန့် ဖြီယှင်းနိုင်ဖို့မျှော်လင့်ကြောင်း၊ တရုတ်၏ ကြားဝင်စိစပ်ပီးမှုအတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လားဖို့ဖြစ်ကြောင်းလည်း အသိပီးထားပါရေ။
စစ်ကောင်စီနန့် နိုင်ငံရီးဆွေးနွေးဖို့အတွက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စီလွှတ်ဖို့ဖြစ်ပြီး အပြန်အလှန်အားဖြင့် စစ်ကောင်စီတပ်က မြန်မာပြည်နီရာအနှံ့မာ ဖော်ဆောင်နီရေ ဝေဟင်နန့် မြီပြင်ထိုးစစ်ဆင်တိုက်ခိုက်နီမှုတိကို ရပ်ဆိုင်းပီးရဖို့လို့ ဆိုပါရေ။
တဖက်သတ်အပစ်ရပ်ဖို့ဆိုကေလေ့ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို အယင်နည်းတူ ဆက်လက်ကိုင်စွဲလားဖို့ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။