APM၊ ဒီဇမ်ဘာ ၄/၂၀၂၄
တောင်ကုတ်မြို့ကို ဒီဇမ်ဘာ ၃ ရက်နိ ညဇာပိုင်းက စစ်ကောင်စီ လီကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မဈီး ပျက်စီးလားရေလို့ ဒေသခံတိက ပြောပါရေ။
ဒီဇမ်ဘာ ၃ ရက်နိ ညဇာ ၈ နာရီလောက်မာ စစ်ကောင်စီစွာ ဂျက်ဖိုက်တာနှစ်စီးနန့် တောင်ကုတ်မြို့မဈီးကို ဗုံး ၂ လုံး ကြဲချခရေလို့ ဆိုပါရေ။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ကုတ်မြို့မဈီးဟိ ဆိုင်ခန်းပေါင်း ၅၀ ကျော် လုံးဝ ပျက်စီးလားရေလို့ သိရပါရေ။
တချိန်တည်းမာပင် စစ်ကောင်စီစွာ တောင်ကုတ်မြို့၊ ညည့်ဈီးတန်းကိုလည်း ဂျက်ဖိုက်တာနန့် လီကြောင်းပစ်ခတ်မှု ပြုလုပ်ခလို့ ယင်းဈီးဟိဆိုင်ခန်းပေါင်း ၂၀ကျော်လည်း မီးလောင်ပြာကျလားခပါသိမ့်ရေ။
ကုန်ခရေ နိုဗမ်ဘာ ၂၈ ရက်နိကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနန့် လီကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂူတာရပ်ကွက်၊ လျှပ်စပ်လမ်းမာ ကျရောက်ပေါက်ကွဲခလို့ လူနီအိမ်တချို့ ပျက်စီးလားခရရေလို့ သိဟိရပါရေ။
ပုံစာ- ၂၀၂၄ ခုနှစ်၊ ဒီဇမ်ဘာ ၃ ရက်နိ၊ ညဇာ ၈ နာရီအချိန်ခန့်၌ တောင်ကုတ်မြို့၊ မြို့မဈီးကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မဈီးဟိ ဆိုင်ခန်းများ ပျက်စီးလားသည်ကို တွိရစဉ် (Arakan Princess Media)။