![](https://arakanprincess.media/wp-content/uploads/2024/12/photo_2024-12-04_18-27-15.jpg)
APM ၊ ဒီဇမ်ဘာ ၄ / ၂၀၂၄
မင်းပြားမြို့နယ်က ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နီရေ ရပ်ရွာတိကို နိုဗမ်ဘာ ၂၃ ရက်နိကစလို့ အာရက္ခပြည်သူ့ကျန်းမာရီးဌာနက အဖြတ်လိုက် အဖြတ်လိုက် ကွင်းဆင်းကုသပီးလျက်ဟိကြောင်း ကျန်းမာရီးဝန်ထမ်းတိက ပြောပါရေ။
မင်းပြားမြို့နယ်က ကျီးမချေ၊ ကျီးမကြီး၊ င/လင်ကြီး၊ နတ်ထောက်၊ ခွီးချီးမြောင်၊ ဇိုင်ချောင်း၊ ပန်းမြောင်း၊ ထိန်ပင်၊ ရွှီတောင်၊ အညှင်းတောင်၊ ပုလဲတောင်၊ မင်းဖူး၊ ဒိုင်းသား၊ ဝါးတောင်၊ မြင်းကဆိပ်၊ ခွဆုံအပါအဝင် ရပ်ရွာအများစုမာ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းမြင့်တက်နီပြီးကေ၊ လူသီဆုံးမှုတိအထိဖြစ်လာနီစွာဖြစ်ပါရေ။
ယင်းအထဲက ဇိုင်ချောင်း၊ ကုလားမတောင်၊ ဝါးတောင်၊ မြင်းကဆိပ်၊ တံခွန်တိုင်၊ ချင်းဆိပ်နန့် တောတန်းရွာတိကို နိုဗမ်ဘာ ၂၃ ရက်နိကစပနာ ဒေနိအထိ အာရက္ခပြည်သူ့ကျန်းမာရီးဌာနနန့် ငှက်ဖျားရောဂါတိုက်ဖျက်ရီးအဖွဲ့ရို့ ပူးပေါင်းပနာ လားရောက်ကွင်းဆင်းပြီးကေ ဆီးကုသမှုတိ ပြုလုပ်နီရေလို့ ကျန်းမာရီးဝန်ထမ်း တယောက်ကပြောပါရေ။
ယင်းအပြင် ၎င်းရွာတိကပြည်သူတိကို ငှက်ဖျားရောဂါအသိပညာပီးဟောပြောမှုတိပြုလုပ်ခသိမ့်ရေအပြင် ရွာတိက ဆီးဝါးပြတ်လပ်နီရေ ကျေးလက်ကျန်းမာရီးဌာနတိကိုလည်း ငှက်ဖျားနန့်ပတ်သက်တေ ဆီးဝါးတိထောက်ပံ့ခသိမ့်ရေလို့ ဆိုပါရေ။
အလားတူ ငှက်ဖျားရောဂါ ဆိုးဆိုးဝါးဝါးဖြစ်နီကတ်တေ တခြားရွာတိကိုလည်း အဖြတ်လိုက် အဖြတ်လိုက် ကွင်းဆင်းပနာ ဆီးကုသပီးလားဖို့လို့လည်း သိရပါရေ။
ယင်းရွာတိက ဒေသခံအများစုစွာ တော၊ တောင်တိကို အဓိကကထား မှီခိုပြီး လုပ်ကိုင်စားသောက်နီကတ်လူတိဖြစ်ပနာ၊ တောတောင်တိသို့လားရာက ခြင်ကျားကိုက်ခံရပြီးကေ၊ ယင်းကတဆင့် ငှက်ဖျားပိုးကူးစက်ခံရရေလို့ သူကဆက်ပြောပါရေ။
ငှက်ဖျားရောဂါရေ ငှက်ဖျားပိုး(ငှက်ဖျားရောဂါ) ကူးစက်ခံရရေလူတိကို ငှက်ဖျားဖြစ်စီရေခြင်က ကိုက်ပနာ ယင်းခြင်ကတဆင့် တခြားလူတယောက်ကိုလားကိုက်ကေ ငှက်ဖျားကူးစက်ခံရနိုင်ရေလို့ သိဟိရပါရေ။
ပုံစာ – မင်းပြားမြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ဟိသော ရပ်ရွာများကို အာရက္ခပြည်သူ့ကျန်းမာရီး ဌာနနန့် ငှက်ဖျားတိုက်ဖျက်ရီးအဖွဲ့ရို့ပူးပေါင်းပြီး ကွင်းဆင်းကုသပီးနီသည်ကို တွိရစဉ် ( Arakan Princess Media)။
![](https://arakanprincess.media/wp-content/uploads/2024/12/photo_2024-12-04_18-27-15-990x1024.jpg)
![](https://arakanprincess.media/wp-content/uploads/2024/12/photo_2024-12-04_18-27-23-1009x1024.jpg)
![](https://arakanprincess.media/wp-content/uploads/2024/12/photo_2024-12-04_18-27-27-1024x613.jpg)
![](https://arakanprincess.media/wp-content/uploads/2024/12/photo_2024-12-04_18-27-31-1024x817.jpg)