APM ၊ ဒီဇမ်ဘာ ၄/ ၂၀၂၃
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်ဟိ မုပ္ပလင်လမ်းဆုံ စစ်ကောင်စီစစ်ဆီးရီးဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရီး တပ်မတော် KNLA နန့် ကျိုက်ထိုတော်လှန်ရီး KRF ပူးပေါင်းတပ်ဖွဲ့တိက ဒီဇမ်ဘာ ၃ ရက်နိမာ ဝင်ရောက်တိုက်ခိုက်ခလို့ စစ်ကောင်စီအရာဟိ ၁ယောက်အပါအဝင် ၃ယောက်သီဆုံးပနာ ၂ ယောက်ဒဏ်ရဟိခကြောင်း သိရပါရေ။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ကျော်ဟိရေ မုပ္ပလင်လမ်းဆုံ စစ်ကောင်စီစစ်ဆီးရီးဂိတ်နန့် ရွှီစေတီ၊ ငွေစေတီကုန်းဟိ စစ်ကောင်စီခံစစ်ကုန်းကို KNLA နန့် KRF ပူးပေါင်းတပ်ဖွဲ့က ၄၀ မမ (၁၄)လုံးနန့် ၆၀ မမ (၆) လုံးပစ်ခတ်တိုက်ခိုက်ခရေလို့ KRF က ထုတ်ပြန်ထားပါရေ။
သီဆုံးဒဏ်ရာရဟိလူတိမာ စစ်ကောင်စီတပ် အရာဟိ ၁ ယောက် ၊ တပ်ကြပ် ၁ယောက်နန့် တပ်သား ၁ ယောက်ရို့ဖြစ်ပြီး ရဲ ၂ ယောက်ပြင်းထန်ဒဏ်ရာရဟိလားရေလို့ ဆိုပါရေ။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖက်က စစ်ကူတိရောက်ဟိလာပနာ ရန်ကုန်-မော်လမြိုင်အဝီးဗြီးလမ်းကို ပိတ်ဆို့ စစ်ဆီးမှုတိ ပြုလုပ်ခကြောင်း သိရပါရေ။
ယင်းစစ်ဆီးရီးဂိတ်စခန်းစွာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ တော်လှန်ရီး ပူးပေါင်းတပ်တိက မကြာမကြာ ပစ်ခတ်တိုက်ခိုက်ခပြီး စစ်ကောင်စီဖက်က ထိခိုက်သီဆုံးမှုတိ ဖြစ်ပွားနီရေ ဂိတ်တခုဖြစ်ပါရေ။
ကုန်ခရေ ဂျူလိုင် ၁ ရက်နိကလည်း မုပ္ပလင်လမ်းဆုံဂိတ်အနီး စစ်သားတိ ကင်းပုန်းဝပ်နီရေ နီရာကိုတော်လှန်ရီး ပူးပေါင်း တပ်က ဒရုန်းနန့် ဗုံးကြဲခလို့ စစ်သား ၃ ယောက်သီဆုံးခရေအပြင် ဂျူလိုင် ၂၈ ရက်နိကလည်း အဆိုပါ ဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့တိက ဝင်ရောက်တိုက်ခိုက်ခလို့ စစ်သား ၈ ယောက်သီဆုံးခပြီးကေ ၇ ယောက်ဒဏ်ရာရဟိ ခကြောင်း သိရပါရေ။
Photo – KIC