
(စစ်ကောင်စီစွာ ဓာတုလက်နက်တိကို ခပ်စိပ်စိပ် အသုံးပြုလာ)
APM ၊ ဒီဇမ်ဘာ ၄ / ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး(၃၈) ရက်မြောက်နိဖြစ်တေ ဒီဇမ်ဘာ ၃ ရက်နိမာလည်း စစ်ကောင်စီ၏ စခန်းကြီး၊စခန်းချေတိနန့် အလောင်းအမြောက်အမြားအပါအဝင် လက်နက်ခဲယမ်း အများအပြားကို ထပ်လို့ သိမ်းဆည်ရမိကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဒီဇမ်ဘာ ၃ ရက်နိ ညည့် ၁၁ နာရီ ၄၅ မိနစ်အချိန် ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “စစ်ဆင်ရီး (၃၈) ရက်မြောက်နိမာလည်း မိမိရို့အနီနန့် ရန်သူ့စခန်းကြီး၊ ငယ်တိနန့် ရန်သူ့အလောင်း အမြောက်အမြား အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း ထပ်မံသိမ်းဆည်းရဟိခပါရေ လို့ ဖော်ပြထားပါရေ။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီး ရပ်တန့်လားခြင်းမဟိဘဲ ဟန်ချက်ညီစစ်ဆင်ရီးတိကို တရက်ပြီး တရက် ဆင်နွှဲလျက်ဟိရေပိုင် စစ်မျက်နှာစာအသီးသီးမာ အထိနာပနာ နာလန်မထူနိုင်ရေ စစ်ကောင်စီစွာ အရပ်သားပြည်သူတိကိုရာ ဦးတည်ပစ်မှတ်ထားရေ စစ်ရာဇဝတ်မှုတိကို ဗြောင်ကျကျ လက်ရဲဇက်ရဲ ကျူးလွန်နီပြီးကေ ၁၀၂၇ စစ်ဆင်ရီးအတွင်းမာ နိုင်ငံတကာက တားမြစ်ထားရေ ဓါတုလက်နက်တိကိုပါ အသုံးပြုနီရေအကြိမ်အရေအတွက်စွာ ခပ်စိပ်စိပ် ဖြစ်လာစွာကို တွိရရေလို့ ဆိုပါရေ။
ကိုးကန့်ဒေသမာလည်း ဒီဇမ်ဘာ ၃ ရက်နိ၊မိုးထ ၁၀ နာရီ ၂၀ မိနစ်က တုန်ချိန် အပြင်ဖက် မာဟိုင်တောင်မာ ယာယီစခန်းချ တပ်စွဲထားရေ စစ်ကောင်စီတပ်စခန်း (၁) ခု နန့် မိုးထ ၁၀ နာရီ ၁၆ မိနစ်က စန်းတာအိုင် တောင်အောက်ခြီမာတွင် တပ်စွဲထားရေ စစ်ကောင်စီ၏ ယာယီတပ်စခန်း (၃) ခုကို ကိုးကန့်တပ်မတော် (MNDAA)က တနာရီကျော်အကြာ ထိုးစစ်ဆင် တိုက်ခိုက်ခပြီးကေ အပြီးသတ် ချေမှုန်းသိမ်းပိုက်ခပါရေ။
အလားတူ ဒီဇမ်ဘာ ၃ ရက်နိ မိုးထ ၁၀ နာရီမာလည်း MNDAA စွာ ကိုးကန့်ခရိုင်၊ တုန်သျှမ်းဒေသ၊ လောက်ရှုကုတ်ရွာ အနောက်ဘက်တောင်ကုန်းမာ တပ်စွဲထားရေ စစ်ကောင်စီလက်အောက်ခံ (၅၂၇) တပ်ရင်းစခန်းကို စလို့ထိုးစစ်ဆင် တိုက်ခိုက်ခပြီးကေ နိခင်း ၂ နာရီ ၄၈ မိနစ်မာ အပြီးသတ်ချေမှုန်းသိမ်း ပိုက်နိုင်ခရေလို့ ဖော်ပြထားပါရေ။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ယောက်ကို ချေမှုန်းနိုင်ခပြီးကေ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရဟိခရေလို့လည်း သိရပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၃ ရက်နိ၊ မိုးထ ၉ နာကီမာ သိန္နီခရိုင် လုံခြုံရီးအဖွဲ့စွာ နန့်စလပ်ဗျူဟာကုန်းက ထွက်ဗြီးလာရေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ကို ဖမ်းဆီးရဟိခပြီးကေ လက်နက်ခဲယမ်းတိ သိမ်းဆည်းရမိခပါသိမ့်ရေ။
စစ်ကောင်စီတပ်ကတော့ အရပ်သားပြည်သူတိကိုရာ ပစ်မှတ်ထားတိုက်ခိုက်နီရေလို့ ဆိုပါရေ။
ဒီဇမ်ဘာ ၂ ရက်နိ ညည့် ၉ နာရီ ၅ မိနစ်မာ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားသျှိုးမြို့နယ်၊ ပန်သပြီအုပ်စု၊ လုံတွေကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ပေါင် (၅၀၀) ဗုံး (၄) လုံး လာရောက်ကြဲချခရေအတွက် ဒေသခံ အမျိုးသမီး ၂ ယောက် သီဆုံးခပြီးကေ ၁ ယောက် ထိခိုက်ဒဏ်ရာရဟိပနာ နီအိမ် ၉ လုံး ထိခိုက်ပျက်စီးခရကြောင်း သိရပါရေ။
တအာင်းတပ်မတော် (TNLA) ကလည်း ဒီဇမ်ဘာ ၃ ရက်နိ၊ မိုးထ ၆ နာရီ ၃၀ မိနစ်မာ တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်အခြီစိုက် စစ်ကောင်စီ၏ နမ့်ဖတ်ကာတပ်စခန်းနန့် မိုးထ ၈ နာရီ ၂၀ မိနစ်မာ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်အခြီစိုက် စစ်ကောင်စီ၏ စခန်းသစ်ကုန်း ကို ထိုးစစ်ဆင်တိုက်ခိုက်ခရေလို့ ဖော်ပြထားပါရေ။
ယင်းတိုက်ပွဲဖြစ်နီချိန်မာ စစ်ကောင်စီ၏ မန်တပ် စခန်းနန့် နမ့်ဖတ်ကာတပ်စခန်းက လက်နက်ကြီးနန့် (၂၆) ကြိမ်၊ ဂျက်ဖိုက်တာနန့် (၁၁) ကြိမ် လာရောက်ပစ်ကူပီးခရေပိုင် ကင်းထောက်လီယာဉ် ATR-42 နန့်လည်း ဗုံး (၂၄) လုံးလာရောက်ကြဲချတိုက်ခိုက်ခရေလို့ ဆိုပါရေ။
အလားတူ ဒီဇမ်ဘာ ၃ ရက်နိ၊ မိုးထ ၁၁ နာရီ ၄၀ မိနစ်ကလည်း တပ်မဟာ (၃) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာဟိ စစ်ကောင်စီတပ်စခန်းကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခရေပိုင် ညဇာ ၆ နာရီ ၅၉ မိနစ်လောက်ကလည်း ပန်ဟန်ကြီးရွာဖက်မာ စစ်ကောင်စီတပ်နန့် TNLA ရို့ကြား ထိတွိတိုက်ပွဲဖြစ်ပွားခကတ်ပါသိမ့်ရေ။
စစ်ကောင်စီတပ်ဖက်ကတော့ ဒီဇမ်ဘာ ၃ ရက်နိမာ လားသျှိုးမြို့နယ်၊ ပန်ထိုလင်ရွာနန့် ပန်ဟုံ ကျေးရွာအနားတဝိုက်သို့ လက်နက်ကြီးနန့် (၁၈)ကြိမ်၊ မူဆယ်မြို့နယ်၊ ကောင်းဝှက်ကျေးရွာ၊ တုန်ခန်ကျေးရွာနန့် ၁၀၅ မိုင် အနားတဝိုက်သို့ လက်နက်ကြီးနန့် (၁၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခရေပိုင် မူဆယ်မြို့နယ်၊ နမ့်ခွမ်ကျေးရွာ၊ စယ်လန့်ကျေးရွာနန့် (၁၀၅) မိုင်မာ လီကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၄) လသားအရွယ်အချေတယောက် သီဆုံးပနာအရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရလားပြီးကေ နီအိမ် ၁၀ လုံး ပျက်စီးခရကြောင်း သိရပါရေ။
ရက္ခိုင့်တပ်တော် ဖော်ဆောင်နီရေ ၁၀၂၇ စစ်ဆင်ရီးမာလည်း ပလက်ဝမြို့နယ်ဟိ တရွန်အိုင်ဗျူဟာ နန့် နှုံးဘူးဗျူဟာ စခန်းကုန်းကြီးနှစ်ခုစလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရီးအတွက် တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီပြီးကေ အထိနာနီရေ စစ်ကောင်စီစွာ ဂျက်တိုက်လီယာဉ်တစီးနန့် Chemical Warfare Agents ဓာတုဓာတ်ငွိပါရေ ဗုံးတိ အသုံးပြုလာ ရောက်တိုက်ခိုက်ခရေလို့ ဆိုပါရေ။
ဒီဇမ်ဘာ ၃ ရက်နိ၊ မိုးထ ၁၀ နာကီ ၃၀ မိနစ်မာ ပေါက်တောမြစ်ထဲဟိ စစ်ကောင်စီ၏ နေဗီသင်္ဘောက ပေါက်တောမြို့ကို လက်နက်ကြီးတိနန့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခလို့ ပေါက်တောမြို့ပေါ် ရပ်ကွက် (၃) ခု ထပ်မံ မီးလောင်ပျက်စီး ခရေလို့ သိရပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၃ ရက်နိ၊ နိခင်း၂ နာရီစစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀) ကျော်လောက်စွာ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာကို ဇက်သင်္ဘောနန့် လာပနာ ရွာထဲသို့ လက်နက်ချေတိနန့် ပစ်ခတ်စီးနင်းဝင်ရောက်ခပြီးကေ ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်လားခရေပိုင် နီအိမ်အချို့နန့် ကျေးရွာအနားဟိ စပါးခင်းတိကိုလည်း မီးတိုက်ဖျက်ဆီးခရေလို့ ဖော်ပြထားပါရေ။
အလားတူပင် ညဇာ ၄ နာရီမာလည်း စစ်ကောင်စီ၏ ခလရ (၂၇၀) တပ်ရင်းက အင်အား (၄၀) ကျော်လောက်စွာ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောကျေးရွာက နီအိမ်တိကို မီးတိုက်ဖျက်ဆီးခရေအတွက် ယင်း မီးတိုက်ဖျက်ဆီးခံခရရေ ကျေးရွာ ၂ ရွာနန့် အနားပတ်ဝန်းကျင်ရွာတိက ဒေသခံပြည်သူတိစွာ ထွက်ဗြီးတိမ်းယှောင်နီရရေလို့ ထုတ်ပြန်ချက်အရ သိရပါရေ။
အဂုပိုင် စစ်ကောင်စီ၏ အရပ်သားပြည်သူလူထုအပေါ် နိစဥ်ရက်ဆက် ပစ်မှတ်ထား ဦးတည်တိုက်ခိုက်သတ်ဖြတ်နီရေ စစ်ရာဇဝတ်မှုတိကို မှတ်တမ်းတင်ထားကတ်ဖို့ကိုလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့က တိုက်တွန်းထားပါရေ။
