APM၊ နိုဗမ်ဘာ ၄/ ၂၀၂၃
၁၀၂၇ စစ်ဆင်ရီး (၉) ရက်မြောက်နိဖြစ်တေ ဒေနိ (နိုဗမ်ဘာ ၄ ရက်)နိမာ စစ်ကောင်စီတပ်စခန်း ၈ ခုကို ထပ်မံသိမ်းပိုက်လိုက် ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဒေနိ ညဇာ ၇ နာရီခွဲအချိန် ထုတ်ပြန်လိုက်ပါရေ။
ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နန့် ရက္ခိုင့်တပ်တော် (AA) ရို့စွာ ဒေနိ (နိုဗမ်ဘာ ၄ ရက်) နိမာလည်း စစ်ဆင်ရီးပစ်မှတ်တိဖြစ်တေ စစ်ကောင်စီတပ်စခန်းတိထဲက တပ်စခန်း ၈ ခုကို ထပ်လို့သိမ်းပိုက်ခစွာဖြစ်ပါရေ။
ဒေနိမိုးထ ၅ နာရီခွဲအချိန်က တအာင်းတပ်မတော်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားသျှိုးမြို့နယ်ဟိ စစ်ကောင်စီလက် အောက်ခံ ပြည်သူ့စစ်စခန်းတိဖြစ်တေ ဂျာယန်စခန်း နန့် မိုင်းယန်းစခန်း ရို့ကို အပြီးသတ် ချေမှုန်းသိမ်းပိုက်ခပါရေ။
မိုးထ ၁၀ နာရီ ၉ မိနစ်မာ ကိုးကန့်တပ်မတော် (MNDAA) ရေ ကိုးကန့်ခရိုင်၊ တုံသျှမ်းဒေသ၊ သျှောက်ကန်ထန်ဟိ စစ်ကောင်စီတပ်စခန်း (၃) ခုကို အပြီးသတ်ချေမှုန်းသိမ်းပိုက်ခပါရေ။
မိုးထ ၁၀ နာရီခွဲကလည်း ကိုးကန့်မြောက်ပိုင်း၊ သျှင်းဝမ်ဒေသ၊ ဟုန်ကုတ်ရွာ၊ ကော်တီထန် ပေါက်ပေါက် တောင် ကုန်းမာ အခြီချထားရေ စစ်ကောင်စီတပ်စခန်းကို ထပ်လို့ သိမ်းပိုက်လိုက်ပါရေ။
မိုးထ ၁၁ နာရီလောက်ကလည်း တအာင်းတပ်မတော်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားသျှိုးမြို့နယ်တွင်းဟိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်း ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခကတ်ပါရေ။ နိုဗမ်ဘာ ၃ ရက်နိကလည်း စစ်ကောင်စီစွာ မိုင်းကျက်တပ်စခန်းသို့ ထောက်ပို့လီယာဉ်နန့် လက်နက်ခဲယမ်းတိ လာချပီးစွာကို TNLA က လက်နက်ခဲယမ်း သေတ္တာတိ ကြားဖြတ်ရယူခပါရေ။ TNLAနန့် စစ်ကောင်စီရို့ တိုက်ပွဲဖြစ်နီချိန်မာလည်း စစ်ကောင်စီတပ်စွာ ဂျက်ဖိုက်တာနန့် (၄) ကြိမ် တိတိ လာရောက်စစ်ကူပီး ပစ်ခတ်ခပါသိမ့်ရေ။
အလားတူ မိုးထ ၁၁ နာရီကျော်လောက်မာ ကိုးကန့်တပ်မတော် (MNDAA) နန့် ရက္ခိုင့်တပ်တော် (AA) ရို့ရေ သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အပြင်ဖက်မာ တပ်စွဲထားရေ စစ်ကောင်စီ၏ သျှောက်ကွမ်းလုံအမှတ် (၃) တပ်စခန်း ကို အပြီးသတ်ချေမှုန်း သိမ်းပိုက်ခပါရေ။
နိခင်း ၁၂ နာရီ ၂၀ လောက်ကလည်း တအာင်းတပ်မတော်၊ တပ်မဟာ (၂) စစ်ဒေသ၊ မိုးမိတ်မြို့နယ်ဟိ စစ်ကောင်စီ၏ မိုးလို တပ်စခန်း ကို အပြီးသတ်ချေမှုန်း သိမ်းပိုက်ခပြီးကေ စစ်သုံ့ပန်း ၁ ယောက်ကို ဖမ်းဆီးရမိခရေလို့ သိရပါရေ။
နိခင်း ၁၂ နာရီခွဲလောက်မာလည်း တအာင်းတပ်မတော်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာမာ စခန်းချထားရေ စစ်ကောင်စီတပ်ကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခပြီးကေ စစ်ကောင်စီဖက်က Mi-35 တိုက်ခိုက်ရီး ရဟတ်ယာဉ်နန့် (၂) ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခပါရေ။
တချိန်တည်းမာ ညီနောင်မဟာမိတ်တိနန့် မဟာမိတ်နယ်မြီတိဟိ ရက္ခိုင့်တပ်တော် စစ်ကြောင်း လှုပ်ယှားရာ နယ်မြီတိမာ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရီးကို ဆင်နွဲလို့ဟိရာ စစ်ကိုင်းတိုင်းအတွင်းဟိ ထီးချိုင့်၊ ကောလင်းမြို့ ပတ်ဝန်းကျင်မာ တိုက်ပွဲတိ ဆက်လက်ဖြစ်ပွားလျက်ဟိပါရေ။
လက်ဟိအချိန်မာ ရက္ခိုင်ပြည်အတွင်း တိုက်ပွဲတိမဖြစ်သိမ့်ကေလည်း စစ်ကောင်စီ၏ စစ်ရီးလှုပ်ယှားမှု၊ စစ်ရီးပြင်ဆင်မှုတိ အယင်ကထက်ပိုများလာရေလို့ ဆိုပါရေ။
စစ်ကောင်စီအနီနန့် ၁၀၂၇ စစ်ဆင်ရီးအတွင်း စစ်ရီးအရအရေးပါရေ တပ်စခန်းတိကို တပြိုင်နက်တည်း ဆုံးယှုံးလိုက်ရခြင်း၊ စစ် မျက်နှာစာတိမာ ချောင်ပိတ်ခံနီရခြင်း၊ ၎င်းရို့၏ တပ်ဖွဲ့ဝင်တိနန့် လက်အောက်ခံ ပြည်သူ့စစ်တိ အကျအဆုံး များ လာခြင်းရို့ကြောင့် တိုက်ပွဲဖြစ်နီစဉ်အတွင်း စစ်ကောင်စီတပ်စွာ လီကြောင်းပစ်ကူတိကို ပိုလို့တိုးမြှင့် လုပ်ဆောင်လာရေအပြင် အရပ်သား ပြည်သူ တိကို ဦးတည်ရေ လီကြောင်းတိုက်ခိုက်မှုတိ၊ လက်နက်ကြီးတိကို အကြောင်းမဲ့ရမ်းသန်းပစ်ခတ်မှုတိ လုပ်လာရေလို့ သိရပါရေ။
ဒေနိ မိုးထ ၁၀ နာရီအချိန်လောက်မာ စစ်ကောင်စီစွာ KIO ဌာနချုပ်ဟိရာ လိုင်ဇာမြို့နားကို လက်နက်ကြီးနန့် ရမ်း သန်းပစ်ခတ် ခစွာကြောင့် တရုတ်ပြည်နယ်စပ်မြို့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခပနာ တရုတ်နိုင်ငံသား ၁ ယောက် သီဆုံးခပြီးကေ ၂ ယောက် ထိခိုက်ဒဏ်ရာရဟိခရေလို့ ဖော်ပြထားပါရေ။
၁၀၂၇ စစ်ဆင်ရီး ဆင်နွှဲနီစဉ်ကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တိနန့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တိ၊ ရဲတပ်ဖွဲ့ဝင်တိ အများစုရေ စစ်ပန်းလာခြင်း၊ စိတ်ဓါတ်ခွန်အားကျဆင်းလာခြင်း၊ တိုက်ပွဲအတွင်း အသက်ရှင်လို ခြင်းတိကြောင့် လက်နက်ချအလင်းဝင်လာလူတိ များလာရေပိုင် ထိုးစစ်ကို ရင်မဆိုင်ဝံ့ဘဲ ထွက်ဗြီးကတ်စွာလည်း များလာရေလို့ သိရပါရေ။
တချိန်တည်းမာ ညီနောင်မဟာမိတ်(၃)ဖွဲ့အနီနန့်လည်း လက်နက်ချအလင်းဝင်လာရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ထွက်ဗြီးလို့ ဖမ်းဆီးမိလူတိကို စစ်သုံ့ပန်းဥပဒေနန့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ယှောက်ထားကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့၏ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။