APM ၊ နိုဗမ်ဘာ ၄ / ၂၀၂၃
တရုတ်-မြန်မာနယ်စပ် ၊ သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မာ စစ်ကောင်စီတပ်နန့် ညီနောင်မဟာမိတ်တပ်ဖွဲ့တိကြား တိုက်ပွဲတိအတွင်း ပိတ်မိနီရေ ထိုင်းနိုင်ငံသား ၁၆၂ယောက် ဖီးကင်းလုံခြုံကြောင်း ထိုင်းနိုင်ငံခြားရီးဝန်ကြီးဌာနက နိုဗမ်ဘာ ၃ ရက်နိ ထုတ်ပြန်ပါရေ။
ထိုင်နိုင်ငံခြားရီးဝန်ကြီးဌာန ပြောရီးဆိုခွင့်ဟိသူ နတ္တပနုနိုပကွန်းကထိုင်းနိုင်ငံ သား ၁၆၂ ယောက်ကို နီရပ်ပြန် ပို့ဖို့စောင့်ဆိုင်းနီချိန်အတွင်းသူရို့လိုအပ်တေ အခြီခံကျန်းမာရီး၊ ယာယီနီရာထိုင်ခင်း စရေပစ္စည်းတိစီစဉ်ပီးဖို့ တာဝန်ဟိလူတိကိုဆက်သွယ်ထားရေလို့ ဆိုပါရေ။
အဆိုပါ ထိုင်းနိုင်ငံသားတိရေ လှည်ဖျားခံရပြီးကေ လောက်ကိုင်မြို့ကို အလုပ်လုပ်ဖို့ ရောက်ဟိခကတ်ရေလို့ ၎င်းက ပြောကြားပါရေ။
လောက်ကိုင်ဒေသရေ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရနယ်မြီဖြစ်ပြီး လက်ဟိမာ တိုက်ပွဲတိနန့် မငြိမ်မသက်မှုတိ ဖြစ်ပွားနီစွာကြောင့် ထိုင်းနိုင်ငံသားတိကို ကယ်ထုတ်စွာမာ ရှုပ်ထွီးစီရေလို့ သူကဆိုပါရေ။
ရန်ကုန်ဟိ ထိုင်းသံရုံးကလည်း လောက်ကိုင်မြို့က ထိုင်းနိုင်ငံသားတိကို ဖီးကင်းရာသို့ အယင်ရွှိပြောင်းနိုင်ရီး ဆော်သြနီရေလို့လည်း နတ္တပနုနိုပကွန်းက ပြောပါရေ။
လောက်ကိုင်မြို့နားမာ တိုက်ပွဲတိဖြစ်ပွားနီစွာကြောင့် ထိုင်းနိုင်ငံသားတိအတွက် လားလာရ အခက်အခဲ ၊ ကန့်သတ်ချက်တိများလာပြီးကေ ယင်းအထဲ ထိုင်းနိုင်ငံသားတိကို စစ်ကောင်စီက ဖမ်းဆီးထား ရေလို့သတင်းတိထွက်ပေါ်လားပြီးနောက် ထိုင်းအာဏာပိုင်တိက ဒေဂုပိုင် သတင်းစာယှင်းလင်းပွဲလုပ်ခစွာဖြစ်ပါရေ။
Source – Myanmar taking care of Thai citizens stranded in a conflict zone
Photo – AFP