(ရက္ခိုင်ပြည်မာ စစ်ကောင်စီတပ် စစ်ရီးပြင်ဆင်မှု ပိုများလာနီ )
APM၊ နိုဗမ်ဘာ ၄/ ၂၀၂၃
ညီနောင်မဟာမိတ် (၃) ဖွဲ့အနီနန့် ၁၀၂၇ စစ်ဆင်ရီး စတင်ဖော်ဆောင်ချိန်ကစလို့ (၈) ရက်မြောက်နိထိ စစ်ကောင်စီတပ်စခန်း အကြီး၊ အငယ်နန့် ယာယီတပ်စခန်းများစုစုပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့က ဒေနိ( နိုဗမ်ဘာ ၄ ရက်နိ) နိခင်း ၁ နာရီ ၄၅ မိနစ်အချိန် ထုတ်ပြန်လိုက်ပါရေ။
ယင်းထုတ်ပြန်ချက်အတွင်း ရက္ခိုင်ပြည်မာလည်း စစ်ကောင်စီတပ်က စစ်ရီးပြင်ဆင်မှုတိ ပိုများလာနီရေလို့ ထောက်ပြထားပါရေ။
ထုတ်ပြန်ချက်မှာ “ညီနောင်မဟာမိတ် (၃) ဖွဲ့အနီနန့် ၁၀၂၇ စစ်ဆင်ရီး စတင်ဖော်ဆောင်ရေချိန်ကစလို့ (၈) ရက်မြောက် နိအထိ ရန်သူ့စစ်တပ်စခန်း အကြီး၊ အငယ်နန့် ယာယီတပ်စခန်းစုစုပေါင်း (၁၀၀) ကျော်ကို သိမ်းပိုက်ထားရေ” လို့ ညီနောင် မဟာမိတ်(၃)ဖွဲ့ကဖော်ပြထားပါရေ။
ညီနောင်မဟာမိတ်(၃) ဖွဲ့စွာ ၎င်းရို့၏ စစ်ဆင်ရီးသတ်မှတ်ထားရေ နီရာတိထဲက စစ်ရီးအရ အရေးပါရေ စစ်ကောင်စီစစ်စခန်း၊ ရဲဖက်စခန်းတိနန့် ပြည်သူ့စစ်ပူးပေါင်းစခန်းတိကို ထပ်မံချေမှုန်း သိမ်းပိုက်ခပြီးကေ လက်နက်ခဲယမ်း နန့် အလောင်းအမြောက်အမြား ကိုလည်း သိမ်းဆည်းရမိခရေလို့ ဆိုပါရေ။
ယင်းအပြင် ၁၀၂၇ စစ်ဆင်ရီး၏ စစ်ရီးမျှော်မှန်းချက်တိထဲက စစ်အာဏာသျှင်အမြစ်ပြတ်ရီး အတွက် စစ်ရီးဆင်နွဲ နီစွာတင်မက လောင်းကဇတ်လိမ်လည်မှု (ကျဖျင်) ပပျောက်ရီးနန့် ဆက်စပ်တေ ကိစ္စရပ်တိကိုလည်း သက် ဆိုင်ရာနယ်မြီတိမာ ဆက်လက်ဆောင်ရွက်နီရေလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
နိုဗမ်ဘာ ၃ ရက်နိ၊ မိုးထ ၃နာရီ အချိန်လောက်မာ ကိုးကန့်တပ်မတော် (MNDAA) ရေ ကိုးကန့်ခရိုင်၊ ချောက်ပါးကျိုင့်နီရာဟိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းစစ်ဆင်ရီး ပြုလုပ်ခပြီးကေ မိုးထ ၈နာရီခွဲမာ အပြီးသတ်ချေမှုန်းနိုင်ခပါရေ။
မိုးထ ၇ နာရီခွဲမာလည်း ကိုးကန့်ခရိုင်၊ ဝမ့်နင်ကျွမ်၊ ရှီမိန်ခိုင်နန့် ကျန်ကြားလယ် ကွင်း တပ်စခန်းတိကို စတင်ထိုးစစ်ဆင်ခပြီး မိုးထ ၉နာရီလောက်မာ အပြီးသတ် ချေမှုန်းသိမ်းပိုက်ခရေလို့ ဆိုပါရေ။
အလားတူ နိုဗမ်ဘာ ၃ ရက်နိ၊ နိခင်း ၂ နာရီ ၁၅ မိနစ်လောက်မာ တအာင်းတပ်မတော် (TNLA) နန့် ပူးပေါင်းအဖွဲ့ရို့က တအာင်း ပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ဟိ စစ်ကောင်စီ၏ ဝါရော့ တပ်စခန်းနန့် ထိန်ကန် ကျေးရွာအနားမာဟိရေ တပ်စခန်း (၂) ခုကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခရေလို့ ဖော်ပြပါရေ။
နိုဗမ်ဘာ ၃ ရက်နိက တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ လယ်ကြီးတော ကျေးရွာအတွင်းသို့ စစ်ကောင်စီရေ တိုက်ပွဲတစုံတစ်ရာ ဖြစ်ပွားခြင်းမဟိ၊ ညီနောင်မဟာမိတ် (၃) ဖွဲ့ လှုပ်ယှားခြင်းလည်းမဟိဘဲ အရပ် သားပြည်သူတိကို တမင်ရည်ရွယ်လျက် ၁၀၂/၁၀၅ ဟောင်ဝစ်ဇာ လက်နက်ကြီးနန့် အကြိမ် (၂၀) ထက်မနည်း ရမ်းသန်း ပစ်ခတ်ခစွာကြောင့် အရပ်သားအချေ ၁ ယောက် ထိခိုက်ဒဏ်ရာရဟိခပြီးကေ လူနီအိမ် ၃ လုံးပျက်စီးခရပါရေ။
ရက္ခိုင့်တပ်တော် (AA) ရေ ညီနောင်မဟာမိတ်တိနန့် မဟာမိတ်နယ်မြီတိမာ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရီးကို ဆင်နွှဲလို့ဟိပြီးကေ အထူးသဖြင့် ရက္ခိုင့်တပ်တော် လှုပ်ယှားစစ်ကြောင်းတိဟိရာနီရာတိထဲက စစ်ကိုင်းတိုင်းအတွင်းဟိ ထီးချိုင့်၊ ကောလင်းမြို့ ပတ်ဝန်းကျင်မာ စစ်ကောင်စီနန့် တိုက်ပွဲတိဖြစ်ပွားနီရေလို့ သိရပါရေ။
ရက္ခိုင်ပြည်မာ လောလောဆယ် တိုက်ပွဲတိမဖြစ်သိမ့်ကေလေ့ စစ်ကောင်စီဖက်က စစ်ရီးလှုပ်ယှားမှု၊ စစ်ရီးပြင်ဆင်မှုတိ အယင် ကထက် ပိုလို့များလာကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ဒေနိထုတ်ပြန်ချက်မာ ဖော်ပြပါရေ။