APM၊ အောက်တိုဘာ ၄/၂၀၂၂
စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် မြောက်ဦးမှ သတင်းသမား ကိုဖိုးသီဟ (ခ) မြတ်သူထွန်းကို မြန်မာပြည် ဆူပူအောင် လှုံ့ ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅ (က) ဖြင့် အမှုဖွင့်ထားပြီး လာမည့် အောက်တိုဘာ ၆ ရက်နိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ် စစ်ဆီးမည်ဟု သိရသည်။
ကိုဖိုးသီဟကို စပ်တမ်ဘာ၂ဝ ရက်နိတွင် မြောက်ဦးအခြီစိုက် စစ်ကောင်စီတပ် ခမရ (၃၇၇) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်များက ကားနှစ်စီးဖြင့် မြောက်ဦးမြို့ လက်ကောက်ဈီးရပ်ကွက်ဟိ သူ့အိမ်သို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်လားခ ခြင်း ဖြစ်သည်။
ယင်းနောက် ခမရ(၃၇၇) တပ်ရင်းထဲတွင် ကိုဖိုးသီဟအား စစ်ကြောခပြီးနောက် အောက်တိုဘာ ၃ ရက် နိ၌ ရဲလက်သို့ လွဲပြောင်း ပီးလိုက်ကာ ၅၀၅(က)ဖြင့် အမှုဖွင့်ထားသည်ဟု ပြောဆိုလျက် အောက်တိုဘာ ၆ ရက်နိသို့ ရုံးချိန်းဆိုလိုက်ကြောင်း မိသားစုဝင်များက ပြောသည်။
စဖမ်းစဉ်က ကိုဖိုးသီဟကို ကားဖြင့်ခေါ်ဆောင်လားခပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်များက ကိုဖိုးသီဟ ၏အိမ် သို့ပြန်လာ၍ မွှီနှောက်ရှာဖွီခကတ်ပြီး၊ တစုံတရာမတွိရသောကြောင့် ကိုဖိုးသီဟကိုပါပြန်ခေါ်လာကာ နောက်ထပ်တကြိမ် နီအိမ်ကို ထပ်မံ မွှီနှောက်ရှာဖွီမှုများ ပြုလုပ်ခကတ်ပါသိမ့်သည်။
ကိုဖိုးသီဟသည် အယင်က 7 Day News ဂျာနယ်၊ DVB သတင်းဌာန နန့် ရက္ခိုင်အခြီစိုက်သတင်းဌာန တချို့တွင် သတင်းထောက်၊ အလွတ်တန်းသတင်းထောက် အဖြစ် ဝင်ရောက်လုပ်ကိုင်ခသည့် သတင်းသမားတယောက် ဖြစ်သည်။
(Zawgyi)
သတင္းသမား ကိုဖိုးသီဟကို ၅၀၅ (က) ျဖင့္ ေအာက္တိုဘာ ၆ ရက္နိ ႐ုံးထုတ္မည္
APM၊ ေအာက္တိုဘာ ၄/၂၀၂၂
စစ္ေကာင္စီတပ္က ဖမ္းဆီးထားသည့္ ေျမာက္ဦးမွ သတင္းသမား ကိုဖိုးသီဟ (ခ) ျမတ္သူထြန္းကို ျမန္မာျပည္ ဆူပူေအာင္ လႈံ႕ ေဆာ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅ဝ၅ (က) ျဖင့္ အမႈဖြင့္ထားၿပီး လာမည့္ ေအာက္တိုဘာ ၆ ရက္နိတြင္ ေျမာက္ဦးၿမိဳ႕နယ္တရား႐ုံး၌ ႐ုံးထုတ္ စစ္ဆီးမည္ဟု သိရသည္။
ကိုဖိုးသီဟကို စပ္တမ္ဘာ၂ဝ ရက္နိတြင္ ေျမာက္ဦးအၿခီစိုက္ စစ္ေကာင္စီတပ္ ခမရ (၃၇၇) တပ္ရင္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားနန႔္ ရဲတပ္ဖြဲ႕ဝင္မ်ားက ကားႏွစ္စီးျဖင့္ ေျမာက္ဦးၿမိဳ႕ လက္ေကာက္ဈီးရပ္ကြက္ဟိ သူ႔အိမ္သို႔ ဝင္ေရာက္ကာ ဖမ္းဆီးေခၚေဆာင္လားခ ျခင္း ျဖစ္သည္။
ယင္းေနာက္ ခမရ(၃၇၇) တပ္ရင္းထဲတြင္ ကိုဖိုးသီဟအား စစ္ေၾကာခၿပီးေနာက္ ေအာက္တိုဘာ ၃ ရက္ နိ၌ ရဲလက္သို႔ လြဲေျပာင္း ပီးလိုက္ကာ ၅၀၅(က)ျဖင့္ အမႈဖြင့္ထားသည္ဟု ေျပာဆိုလ်က္ ေအာက္တိုဘာ ၆ ရက္နိသို႔ ႐ုံးခ်ိန္းဆိုလိုက္ေၾကာင္း မိသားစုဝင္မ်ားက ေျပာသည္။
စဖမ္းစဥ္က ကိုဖိုးသီဟကို ကားျဖင့္ေခၚေဆာင္လားခၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားနန႔္ ရဲတပ္ဖြဲ႕ဝင္မ်ားက ကိုဖိုးသီဟ ၏အိမ္ သို႔ျပန္လာ၍ မႊီေႏွာက္ရွာဖြီခကတ္ၿပီး၊ တစုံတရာမတြိရေသာေၾကာင့္ ကိုဖိုးသီဟကိုပါျပန္ေခၚလာကာ ေနာက္ထပ္တႀကိမ္ နီအိမ္ကို ထပ္မံ မႊီေႏွာက္ရွာဖြီမႈမ်ား ျပဳလုပ္ခကတ္ပါသိမ့္သည္။
ကိုဖိုးသီဟသည္ အယင္က 7 Day News ဂ်ာနယ္၊ DVB သတင္းဌာန နန႔္ ရကၡိဳင္အၿခီစိုက္သတင္းဌာန တခ်ိဳ႕တြင္ သတင္းေထာက္၊ အလြတ္တန္းသတင္းေထာက္ အျဖစ္ ဝင္ေရာက္လုပ္ကိုင္ခသည့္ သတင္းသမားတေယာက္ ျဖစ္သည္။