APM၊ အောက်တိုဘာ ၄/၂၀၂၂
စစ်ကောင်စီတပ်သည် ဒေနိ အောက်တိုဘာ ၄ ရက်၊ မိုးထစောစော ၁ နာရီခွဲခန့်အချိန်တွင် ဘူးသီး တောင် မြို့ထဲသို့ ဝင်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ လူနီအိမ်များကို စီးနင်း ဝင်ရောက် စစ်ဆီးခကြောင်း သိရသည်။
ညည့်အချိန်တွင် စစ်ကောင်စီ၏ စကခ(၁၅) ဗျူဟာလက်အောက်ခံတပ်ရင်းအသီးသီးမှ လက်နက်ကိုယ်စီနန့် ထုတ်နုတ်အင်အား ၁၂၀ခန့်သည် ဖော့ကား(၈)စီးဖြင့် ဘူးသီးတောင်မြိုထဲသို့ ဝင်ရောက်လာပြီး ရန်အောင်မြီ စစ်ဖီးယှောင်ကယ်ဆယ်ရီးစခန်းအနီးဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၂၀ ကြာ ပစ်ခတ် မှုများ ပြုလုပ်ခကြောင်း မြို့ခံများက ပြောသည်။
“ညည့် ၁ နာရီလောက်မှာ ကား ၃ စီးနန့် ကယ်ဆယ်ရီးစခန်းဖက်ဝင်လာရေ။ အပြင်ဖက် လဝကရုံးနားမှာ ကား ၅ စီးကိုတန့်ပစ်ခရေ။ ယင်းသူရို့ တလမ်းလုံး တောက်လျှောက်ပစ်လာစွာ။ ဒေကို ရောက်စွာနန့် ကယ်ဆယ်ရီး ကို ဝိုင်းထားပနာ မိနစ် ၂၀ လောက်ပစ်ကတ်တေ။ ဘုန်းကြီးကျောင်းထက်ကလေ့ လက်နက်ကြီးနန့်ပစ်တေ”ဟု ဘူးသီးတောင်မြို့ခံတယောက်က APM သို့ ပြောပြသည်။
ယင်းသို့ပစ်ခတ်ခြင်းသည် အပြစ်မဲ့ပြည်သူများကို စိုးရိမ်ထိတ်လန့်အောင် စစ်ကောင်စီက တမင်သက်သက် ခြိမ်းခြောက်အနိုင်ကျင့်ခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်အောင်မြီကယ်ဆယ်ရီးစခန်းအနီးဝန်းကျင်မှ နီအိမ်များကို အတင်းဝင်ရောက် စစ်ဆီးခပြီး၊ လူ ၁၀ယောက်ခန့်ကိုလေ့ ဆိုင်ခန်းတခု၌ စုကာ မီးမြန်းစစ်ဆီးခသိမ့်သည်။
ယင်းအပြင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ဘူးသီးတောင်မြို့ထက်မှ စစ်ဖီးယှောင်စခန်း၌ နီထိုင်သူများကို အောက်တိုဘာ လအတွင်း နီရပ်ပြန်ရန် ဖိအားပီး ပြောဆိုခကြောင်းလေ့ သိရသည်။
တချိန်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် နယ်မြီရဲ ၈ ယောက် နန့်အတူ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်များအတွင်း လူနီအိမ်များကို စီးနင်းဝင်ရောက်ကာ အိမ်ထောင်စုစာရင်း စစ်ဆီးခြင်းများ ပြုလုပ်ခကြောင်းလေ့ သိဟိရပါသည်။
(Zawgyi)
ဘူးသီးေတာင္ၿမိဳ႕တြင္ စစ္ေကာင္စီက ညည့္အခ်ိန္မေတာ္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားပစ္ေဖာက္၍ လူနီအိမ္မ်ားကို စီးနင္းစစ္ဆီးမႈမ်ား ျပဳလုပ္
APM၊ ေအာက္တိုဘာ ၄/၂၀၂၂
စစ္ေကာင္စီတပ္သည္ ေဒနိ ေအာက္တိုဘာ ၄ ရက္၊ မိုးထေစာေစာ ၁ နာရီခြဲခန္႔အခ်ိန္တြင္ ဘူးသီး ေတာင္ ၿမိဳ႕ထဲသို႔ ဝင္ေရာက္ကာ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္၍ လူနီအိမ္မ်ားကို စီးနင္း ဝင္ေရာက္ စစ္ဆီးခေၾကာင္း သိရသည္။
ညည့္အခ်ိန္တြင္ စစ္ေကာင္စီ၏ စကခ(၁၅) ဗ်ဴဟာလက္ေအာက္ခံတပ္ရင္းအသီးသီးမွ လက္နက္ကိုယ္စီနန္႔ ထုတ္ႏုတ္အင္အား ၁၂၀ခန္႔သည္ ေဖာ့ကား(၈)စီးျဖင့္ ဘူးသီးေတာင္ၿမိဳထဲသို႔ ဝင္ေရာက္လာၿပီး ရန္ေအာင္ၿမီ စစ္ဖီးေယွာင္ကယ္ဆယ္ရီးစခန္းအနီးဝန္းက်င္သို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ မိနစ္ ၂၀ ၾကာ ပစ္ခတ္ မႈမ်ား ျပဳလုပ္ခေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာသည္။
“ညည့္ ၁ နာရီေလာက္မွာ ကား ၃ စီးနန္႔ ကယ္ဆယ္ရီးစခန္းဖက္ဝင္လာေရ။ အျပင္ဖက္ လဝက႐ုံးနားမွာ ကား ၅ စီးကိုတန႔္ပစ္ခေရ။ ယင္းသူ႐ို႕ တလမ္းလုံး ေတာက္ေလွ်ာက္ပစ္လာစြာ။ ေဒကို ေရာက္စြာနန္႔ ကယ္ဆယ္ရီး ကို ဝိုင္းထားပနာ မိနစ္ ၂၀ ေလာက္ပစ္ကတ္ေတ။ ဘုန္းႀကီးေက်ာင္းထက္ကေလ့ လက္နက္ႀကီးနန္႔ပစ္ေတ”ဟု ဘူးသီးေတာင္ၿမိဳ႕ခံတေယာက္က APM သို႔ ေျပာျပသည္။
ယင္းသို႔ပစ္ခတ္ျခင္းသည္ အျပစ္မဲ့ျပည္သူမ်ားကို စိုးရိမ္ထိတ္လန္႔ေအာင္ စစ္ေကာင္စီက တမင္သက္သက္ ၿခိမ္းေျခာက္အႏိုင္က်င့္ျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားက ဆိုသည္။
ယင္းေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ရန္ေအာင္ၿမီကယ္ဆယ္ရီးစခန္းအနီးဝန္းက်င္မွ နီအိမ္မ်ားကို အတင္းဝင္ေရာက္ စစ္ဆီးခၿပီး၊ လူ ၁၀ေယာက္ခန္႔ကိုေလ့ ဆိုင္ခန္းတခု၌ စုကာ မီးျမန္းစစ္ဆီးခသိမ့္သည္။
ယင္းအျပင္ အဆိုပါစစ္ေကာင္စီတပ္ဖြဲ႕သည္ ဘူးသီးေတာင္ၿမိဳ႕ထက္မွ စစ္ဖီးေယွာင္စခန္း၌ နီထိုင္သူမ်ားကို ေအာက္တိုဘာ လအတြင္း နီရပ္ျပန္ရန္ ဖိအားပီး ေျပာဆိုခေၾကာင္းေလ့ သိရသည္။
တခ်ိန္တည္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ဘူးသီးေတာင္ၿမိဳ႕နယ္မႉး၊ စခန္းမႉးအပါအဝင္ နယ္ၿမီရဲ ၈ ေယာက္ နန္႔အတူ အမွတ္(၄)၊ အမွတ္(၅)ရပ္ကြက္မ်ားအတြင္း လူနီအိမ္မ်ားကို စီးနင္းဝင္ေရာက္ကာ အိမ္ေထာင္စုစာရင္း စစ္ဆီးျခင္းမ်ား ျပဳလုပ္ခေၾကာင္းေလ့ သိဟိရပါသည္။