
APM၊ ဂျန်နဝါရီ ၄ / ၂၀၂၄
တအာင်းပြည်နယ်အတွင်း ၁၀၂၇ စစ်ဆင်ရီး၏ ဒေနိ(ဂျန်နဝါရီ ၄ ရက်)နိမာလည်း ကွတ်ခိုင်၊ မိုးမိတ်နန့် ကျောက်မဲ စရေ မြို့နယ်ရို့မာ စစ်ကောင်စီတပ်နန့် တအာင်းတပ်မတော်(TNLA) ရို့အကြား တိုက်ပွဲတိ ဆက်လက်ဖြစ်ပွားနီပြီးကေ စစ်ကောင်စီတပ်က အပြင်းအထန်ခုခံနီကြောင်း TNLA ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အရ တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်ဟိ စစ်ကောင်စီ၏ ကွတ်ခိုင်မြို့တပ်စခန်းမာ စစ်ကောင်စီတပ်နန့် TNLA ရို့အကြား တိုက်ပွဲဖြစ်ပွားခပနာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနီရာသို့ Y12 နန့် (၂)ကြိမ်၊ Jet Fighter နန့် (၂)ကြိမ်၊ ဗုံး (၁၉)လုံးနန့် လာရောက်ပစ်ချပြီးကေ အပြင်းအထန်တိုက်ခိုက်ခရေလို့ ဆိုပါရေ။
အလားတူ တပ်မဟာ(၃)စစ်ဒေသ၊ မိုးမိတ်မြို့နယ်ဟိ စစ်ကောင်စီဆင်ကင်တပ်စခန်းမာလည်း စစ်ကောင်စီတပ်နန့် TNLA ရို့ တိုက်ပွဲဖြစ်ပွားပြီးကေ စစ်ကောင်စီ၏မိုးမိတ်တပ်စခန်းက တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီးနန့် (၁၁)ကြိမ်၊ Jet Fighter နန့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခရေလို့ သိရပါရေ။
ယင်းအပြင် တပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြို့နယ်မာလည်း စစ်ကောင်စီ၏ ကျောက်မဲတပ်စခန်းမာ စစ်ကောင်စီတပ်နန့် TNLA ရို့ တိုက်ပွဲဖြစ်ပွားခပနာ စစ်ကောင်စီတပ်က ခွန်ကော်ရွာနန့် အထက်ညောင်ကုန်းရွာသို့ လက်နက်ကြီးနန့် (၁၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခပါရေ။
တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ်မာ စစ်ကောင်စီတပ်က (၄၅၆၁) ကုန်းသို့ လက်နက်ကြီးနန့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခပြီး တပ်မဟာ (၆)စစ်ဒေသ၊ လားသျှိုးမြို့နယ်မာ စစ်ကောင်စီတပ်က ပန်ဖတ်ကျေးရွာအနားတဝိုက်သို့ လက်နက်ကြီးနန့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခရေလို့ ဖော်ပြထားပါရေ။
တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်မာ တော့ TNLA က တိုက်ခိုက်သိမ်းပိုက်ထားရေ စခန်းသစ်ကုန်းကို နယ်မြီယှင်းလင်းရီးလုပ်ဆောင်စွာမာ စစ်ကောင်စီတပ်က ဝှက်ထားခရေ လက်နက်ခဲယမ်းတိကို ထပ်မံသိမ်းဆည်းရမိခရေလို့ ဆိုပါရေ။
တချိန်တည်းမာ နမ့်ခမ်းမြို့နယ်ဟိ စစ်ကောင်စီ ၏ ခလရ(၁၄၄)မန်တပ်စခန်းသို့ စစ်ကောင်စီတပ်က စစ်ကူလူအင်အားနန့် လက်နက်ခဲယမ်းတိ လာရောက်ပို့ချခကြောင်း သိဟိရပါရေ။
Photo – TNLA

