
APM ၊ ဂျန်နဝါရီ ၄ /၂၀၂၄
ဂျန်နဝါရီ ၃ ရက်နိ၊ ညည့်အချိန် တောင်ကုတ်မြို့၊ချောင်းကောက်ရပ် ကွက်က “မကျူကဏန်းဒိုင်တာဝန်ခံကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းယူလားကြောင်း သိရပါရေ။
ဖမ်းဆီးခံရလူမာ တောင်ကုတ်မြို့၊ချောင်းကောက်ရပ်ကွက်က “မကျူကဏန်းဒိုင်တာဝန်ခံ ဦးကျော်ဝင်းထွန်း(ခ)အာဇာနည် (၃၇ နှစ်) ဖြစ်ပါရေ။
ဂျန်နဝါရီ ၃ ရက်နိ၊ ညည့် ၁၂ နာရီကျော်လောက်က တောင်ကုတ်မြို့ထဲမာ ကားနှစ်စီးနန့် ကင်းလှည့်နီရေ စစ်ကောင်စီတပ်နန့် ရဲတပ်ဖွဲ့ဝင်ပူးပေါင်းအင်အား ၁၀ ကျော်စွာ ဧည့်စာရင်းကိုအကြောင်းပြပြီးကေ မကျူ ကဏန်းဒိုင်ကို ဝင်ရောက် ရှာဖွီခရေလို့ မျက်မြင်ဒေသခံတိကပြောပါရေ။
ယင်းပိုင် ဝင်ရှာစွာမာ ဓါတ်ဆီ (၅) ဂါလံဗူး ၁၀ ဗူးတွိလို့ဆိုပနာ ဦးကျော်ဝင်းထွန်းကို မတရား ဖမ်းယူလားရေအပြင်၊ ယင်းဓါတ်ဆီဗူးတိကိုလည်း သိမ်းယူလားရေလို့ ဆိုပါရေ။
လက်ဟိမာတော့ ဦးကျော်ဝင်းထွန်းကို တောင်ကုတ်အခြီစိုက် အကြမ်း ဖက် စစ်ကောင်စီတပ် ခမရ (၅၄၄) တပ်ရင်းမာ ထိန်းသိမ်းထားကြောင်း သိရပါရေ။
စစ်ကောင်စီတပ်စွာ ရက္ခိုင့်တပ်တော်(AA)နန့်တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခရေ ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကနီ ဒေနိအထိ ရက္ခိုင်ပြည်အနှံ့က အပြစ်မဲ့ အာရက္ခပြည်သူ ၃၀၀ ကျော်ကို မတရား ဖမ်းဆီးထားပါရေ။
