APM ၊ ဂျန်နဝါရီ ၄ /၂၀၂၃
ချက်တာဒွန်းညက် တောင်ပံကဇတ်သမား မူဒရက်ကိုခေါ်ယူရန်အတွက် ပြောင်းရွှိကြေးပေါင် ၆၂ သန်းနန့် အာဆင် နယ်၏ဒုတိယအကြိမ်ကမ်းလှမ်းချက်ကိုလည်း ချက်တာဒွန်းညက်အသင်းက ထပ်မံပယ်ချလိုက်ကြောင်းသိရသည်။
အာဆင်နယ်သည် အသက် ၂၁နှစ်အရွယ် မူဒရက်အတွက် ပြောင်းရွှိကြေးအဖြစ် ပေါင် ၅၂ သန်းနန့် ပထမအကြိမ် ကမ်းလှမ်းခရာ ချက်တာဒွန်းညက်ဖက်က ပယ်ချခသောကြောင့် ဒုတိယအကြိမ်အဖြစ် ပေါင် ၆၂သန်းနန့် ထပ်မံ ကမ်းလှမ်းထားခသည်။
ယင်းသို့ အာဆင်နယ်၏ ပေါင်သန်း ၆၂ သန်းဖြင့် ဒုတိယအကြိမ်ကမ်းလှမ်းချက်ကိုလည်း ချက်တာဒွန်းညက်က ထပ်မံ ပယ်ချလိုက်ခြင်းဖြစ်သည်။
သို့သော် အေတကြိမ်မှာတော့ ချက်တာဒွန်းညက်ဖက်က မူဒရက်အတွက် ပြောင်းရွှိကြေးကို ပေါင် ၈၈ သန်းအထိ ရလို ကြောင်း လီသံပစ်လာသည်။
တချိန်တည်းမှာ ချဲလ်ဆီးအသင်းကလေ့ အာဆင်နယ်နန့်အပြိုင် မူဒရက်ကို ခေါ်ယူလိုနီပြီး၊ အဂုပိုင် အာဆင်နယ်၏ မူဒရက်ခေါ်ယူရီးအစီအစဉ် သောင်မတင်ရီမကျဖြစ်နီချိန်မှာ ချဲလ်ဆီးအနီနန့် ရှိတလှမ်းတိုး လုပ်ဆောင်မည့် အရိပ် ယောင်ပြလာနီသည်။
ချက်တာဒွန်းညက် တောင်ပံကဇတ်သမား မူဒရက်ကတော့အာဆင်နယ်နန့်ရာပူးပေါင်းလိုသည့်ဆန္ဒ ပိုဟိနီကြောင်း
သိရသည်။
Photo – The Telegraph