
APM ၊ ဂျန်နဝါရီ ၄ / ၂၀၂၃
စစ်ကောင်စီက မြန်မာ့လွတ်လပ်ရီးနိ အထိမ်းအမှတ် တပြည်လုံးအတိုင်းအတာဖြင့် အကျဉ်းသား ၇၀၁၂ ယောက် လွှတ်ပီးမည်ဖြစ်ပြီး၊ ယင်းအထဲတွင် ရက္ခိုင်ပြည်က သံတွဲထောင်၊ကျောက်ဖြူထောင်၊စစ်တွေထောင်၊ဘူးသီးတောင် ထောင် စသည့် ထောင် ၄ ထောင်မှ လူပေါင်း ၃၁၆ ယောက် လွတ်မည်ဟု သတင်းများထွက်ပေါ်လျက်ဟိသည်။
ယင်းသို့လွှတ်ပီးမည်ဟုဆိုရာ၌ သံတွဲထောင်မှ ၂၀၆ ယောက်၊ ကျောက်ဖြူ ထောင်မှ ၂၄ ယောက်၊ စစ်တွေထောင်မှ ၅၇ ယောက်၊ ဘူးသီးတောင်ထောင်မှ ၂၉ ယောက် ပါမည်ဟု ကနဦး သိရသည်။ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။
ဒေနိကျရောက်သော(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရီးနိအထိမ်းအမှတ်အဖြစ်စစ်ကောင်စီသည် အကျဉ်းထောင် အသီးသီး၌ပြစ်ဒဏ်ကျခံနီရသည့်အကျဉ်းသားများကို အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီး၊ လွတ်ငြိမ်းခွင့်ပီးလိုက်သည့် အကျဉ်းသားများကိုလေ့ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်မှုထပ်မံ ကျူးလွန်လျှင် ၎င်းပြစ်ဒဏ်အပြင် ဒေဂုကျခံရန်ကျန်ဟိနီသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု ဆိုထား သည်။
Photo – DMG
