APM ၊ ဂျန်နဝါရီ ၄ / ၂၀၂၃
မြန်မာပြည်တွင် ဒေနိ (ဂျန်နဝါရီ ၄ ရက်နိ)၌ ကျရောက်သော ၇၅ နှစ်မြောက် လွတ်လပ်ရီးနိ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင် အသီးသီး၌ ပြစ်ဒဏ်ကျခံနီရသည့် အကျဉ်းသား/ အကျဉ်းသူ စုစုပေါင်း ၇၀၁၂ ဦးကို လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။
စစ်ကောင်စီသည် အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ပြစ်မှုတခုခုဖြင့် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ် ချမှတ်ခံ ထားရသည့် အကျဉ်းသား/ အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံးဉပဒေပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာ ခွင့်ပီးလိုက်ခြင်းဖြစ်သည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပီးလိုက်သည့် အကျဉ်းသားများ အနီ နန့် ပြစ်မှုထပ်မံကျူးလွန်လျှင် ၎င်းပြစ်ဒဏ်အပြင် ဒေဂု ကျခံရန်ကျန်ဟိနီသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်း ဖြစ်သည်။