
APM၊ ဒီဇမ်ဘာ ၃/၂၀၂၂
မောင်တောမြို့နယ်တွင် ဒေနိ(ဒီဇမ်ဘာ ၃ ရက်နိ) နိခင်း ၁၂ နာရီခန့်၌ မြီမြှုပ်မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး မြိုလူငယ်တဦး ခြီထောက်တဖက် ပြတ်ထွက်လားကြောင်း သတင်းရဟိသည်။
မိုင်းဒဏ်ကြောင့်ခြီထောက်တဖက်ပြတ်ထွက်လားသူမှာ မောင်တောမြို့နယ်၊ ဝက်ကျိန်းရွာသစ် (မြိုရွာ)မှ အဖ ဦးကာရာပန် ၏ သား ကိုကိန်းပေါ် (၁၈နှစ်) ဖြစ်သည်။
ကိုကိန်းပေါ်သည် ဝက်ကျိန်းရွာသစ်၊ နန္ဒမဏ္ဏိုင်ဘုန်းတော်ကြီးကျောင်း၏ တောင်ဖက်ဟိ စေတီတောင်ကုန်းသို့ သစ်ခွတ်ရန်လားစဉ် မြီမြှုပ်မိုင်းနင်းမိခြင်း ဖြစ်သည်။
ယင်းမိုင်းကွဲသည့်တောင်ကုန်းမှာ အယင်က မြန်မာစစ်တပ်၏ တပ်မ(၇၇)တပ်ဖွဲ့ဝင်များ စခန်းချခသည်ဟု ဒေသခံ များက ဆိုကတ်သည်။
မြီမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကိုကိန်းပေါ်၏ဘယ်ဖက်ခြီထောက် ခြီမျက်စိနားမှ ပြတ်ထွက်လားကာ ဘယ်ဖက် လက်တွင်လေ့ဒဏ်ရာအပြင်းအထန်ရဟိလား၍ မောင်တောဆီးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ကြောင်း သိရသည်။
