
APM၊ ဒီဇမ်ဘာ ၃/၂၀၂၂
ကျောက်တော်-ပလက်ဝရီကြောင်းလမ်းကို ဒေနိ(ဒီဇမ်ဘာ ၃ ရက်နိ) တွင် မြန်မာစစ်တပ်မှ ပြန်ဖွင့်ပီးလိုက်ကြောင်း သိရသည်။
ယင်း ကျောက်တော်-ပလက်ဝရီကြောင်းလမ်းကို လွန်ခသည့်ဩဂတ်စ်လ တတိယအပတ်မှစ၍ မြန်မာစစ်တပ်က ပိတ်ပင်ထားခခြင်းဖြစ်သည်။
လက်ဟိတွင် AAနန့် မြန်မာစစ်တပ်ရို့ အကြားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ အပစ်အခတ်ရပ် တန့်လိုက်သည့်နောက်ပိုင်း အဆိုပါ ရီကြောင်းလမ်းအား ပြန်ဖွင့်ပီးလိုက်ခြင်း ဖြစ်သည်။
ယင်းအပြင် ကျောက်တော်-ပလက်ဝရေကြောင်းလမ်း၌ အယင်က ဗြီးဆွဲနီခသည့် ရခိုင်ပြည်နယ်အစိုးရ၏ ဇက် သင်္ဘောကိုလေ့ တပတ်တွင် (၂)ကြိမ် ပုံမှန်ပြန်လည်ဗြီးဆွဲလားမည်ဟု သိရသည်။
ကျောက်တော်-ပလက်ဝ ရီကြောင်းလမ်းသည် ပလက်ဝမြို့သို့ ကုန်စည်စီးဆင်းရန်အတွက် အဓိက အားထားနီရ သည့် လမ်းကြောင်းတခုလေ့ ဖြစ်သည်။

Please follow and like us: