APM၊ သြဂတ်စ် ၃၁/၂၀၂၃
စစ်ကောင်စီ မှ သြဂတ်စ် ၁၃ စစ်တွေဆန်ပြဿနာနိ ကျင်းပခြင်းကြောင့် ရခိုင်အမျိုးသမီး လူမှုကွန်ယက် ဥက္ကဌ ဒေါ်ညိုအေးကို ဖမ်း ဆီးပြီး ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်များကိုပါ တရား စွဲဆိုမှုကြောင့် (၆၅)နှစ် မြောက် ဆန်ပြဿနာနိ ဝမ်းနည်းအောက်မိဖွယ် အခမ်းအနားနန့်ပတ်သက်၍ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂမှ ဒေနိတွင်(ဩဂတ်စ် ၃၁ ရက်နိ)တွင် သဘောထားထုတ်ပြန်သည်။
ထုတ်နြ်ချက်၌ (၆၅)နှစ်မြောက် ဆန်ပြဿနာနိ ဝမ်းနည်းအောက်မိဖွယ်အခမ်းအနားကို အခြီခံကျောင်းသားများသမဂ္ဂ (စစ်တွေ) ဗဟို ကော်မတီမှ ဦးဆောင် ၍ သြဂတ်စ် ၁၃ ရက် နိခင်း ၁ နာရီလောက်တွင် ကျောင်းသား/ကျောင်းသူ ၂၅ ယောက်နန့် အခမ်းအနား အစီစဉ် (၃)ခုဖြင့် ပြုလုပ်ခပြီး ဆရာမ ဒေါ်ညိုအေးမှ ကြုံတွိခရသည့် ဆန်ပြဿနာနိနန့် ပတ်သက်၍ အကျဉ်းချုပ်ပြောကြားခကြောင်း ရီးသားထားပါသည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်ခြင်းကြောင့် စစ်ကောင်စီ စစ်တွေအမှတ်(၁) ရဲစခန်းမှ စခန်းမှူး အပါအဝင် တပ်သား ၈ယောက်လောက်မှ သြဂတ်စ် ၁၅ ရက်နိ မိုးထ ၁၂ နာရီလောက်တွင် ဆရာမကြီး ဒေါ်ညိုအေး ကို နီအိမ်ရုံးမှတဆင့် ဖမ်းဆီးခပြီး မြန်မာပြည်အကြည်အညို ပျက်စီမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုပြီး စစ်တွေ အကျဉ်းထောင်၌ ချုပ်နှောင်ထားကြောင်းဖော်ပြထားပါသည်။
ယင်းကြောင့် စစ်ကောင်စီ၏ ဒီမိုကရေစီ နိုင်ငံတည်ဆောက်မည်ဟု ကြွားလုံးထုတ်ကြွေးကြော်သံသည် အတုအယောင်ရာဖြစ်ကြောင်းကို သက်သီပြနီကြောင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်ရီးယန္တရားမှာ စစ်တွေအစိုးရဟု ခေါ်ရလောက်အောင် စစ်တွေတမြို့တည်းတွင်သာလှုပ်ယှားနီရပြီး စစ်တွေတရားသူကြီးမှ အခမ်းအနား ဦးဆောင်ကျင်းပသည့် ကျောင်းသားဂေါင်းဆောင်များအား ဖမ်းဆီးပြီးမှ ဆရာမကြီး ဒေါ်ညိုအေးအမှုအား စီရင်ချက်ချမည်ဟု ပြောဆိုမှုမှာ ပျက်လုံးတခုသာဖြစ်ကာ ရက္ခိုင်လူထုနန့်ကျောင်းသားထုအား ခြိမ်းခြောက်စော်ကားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွက် ဖော်ပြသည်။
စစ်ကောင်စီ၏ တရားစီရင်ရီးကို ဖက်ဆစ်စစ်ကောင်စီစစ်တပ်၏ လက်သုံးတော်ခံအဖြစ်မှတ်ယူ၍ တရားမျှတမှုမဟိသော တရားစီရင်ရီးအား အယုံအကြည် မဟိဂတ်ရန် နန့် အသိအမှတ်မပြု သပိတ်မှောက်ကတ်ရန်လည်း ရက္ခိုင်ပြည့ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်တွင့ တိုက်တွန်းနှိုးဆော်ထားသည်။