
APM၊ သြဂတ်စ် ၃၁/၂၀၂၃
မြန်မာစစ်တပ် ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့်တရားစွဲခံထားရသည့် မင်းပြားမြို့နယ်၊ နရမ်းရွာကြီးက ကိုအောင်ဇော်ဝင်း(ခ) ညီညီအောင်မှာ လက်ဟိတွင် ကျန်းမာရီးမကောင်း၍ ဆီးကုသမှုခံယူရန် အရေးတကြီး လိုအပ်နီကြောင်းသိရသည်။
ကိုညီညီအောင် (၃၆ နှစ်)ကို ကုန်ခသည့် ၂၀၂၂ ခုနစ် စပ်တမ်ဘာ ၁၈ ရက်နိ၌ မင်းပြားအခြီစိုက် မြန်မာစစ်တပ် ခမရ (၃၇၉) တပ်ရင်းမှ ဖမ်းယူလားခခြင်းဖြစ်သည်။
ယင်းနောက် သူ့ကို စစ်ကြောရီး၌ တလကျော်ခန့်ထိန်းသိမ်းထားခပြီး ခမရ (၅၄၁) တပ်ရင်းမှ ဗိုလ်ကြီး ဌေးအောင် ကတရားလိုလုပ်၍ ပုဒ်မ ၁၇ (၁) ဖြင့် မင်းပြားမြို့နယ်တရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။
စစ်ကြောရီးကာလအတွင်း ရိုက်နှက်မိန်းမြန်းစစ်ဆီးမှုဒဏ်များကြောင့် ကိုအောင်ဇော်ဝင်း၏ ဘယ်ဖက်နံရိုးမှာ အက်လားကာ နာကျင်ကိုက်ခဲသည့်ဝေဒနါကိုခံစားနီရသည့်အပြင်၊ အသက်ယှူကျပ်ပြီး အာရုံကြောအားနည်းသည့်ရောဂါကိုပါ ခံစားနီရ၍ လက်ဟိ၌ အရေးပေါ်ဆီးကုသခွင့်ရရန် မိသားစုဝင်များ လိုလားနီကတ်သည်။
လက်ဟိမှာ ကိုအောင်ဇော်ဝင်းကို မင်းပြားမြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး ကုန်ခသည့် သြဂတ်စ် ၂၉ ရက်နိက ရုံးထုတ်ခကေလေ့ တရားသူကြီး ဦးမြတ်မင်းဟန် မှစစ်ဆီးမှုတစုံတရာမပြုလုပ်ခဘဲ လာမည့် စပ်တမ်ဘာ ၅ ရက်နိသို့ ရုံးချိန်းရွှိဆိုင်းထားသည်။
