
APM၊ ဩဂတ်စ် ၃၁/ ၂၀၂၃
အင်ဒိုနီးသျှားနိုင်ငံတွင် အွန်လိုင်း လိမ်လည်မှုလုပ်နီသည့် တရုတ်နိုင်ငံသား ၈၈ ယောက်ကို ဖမ်းဆီးလိုက်ကြောင်း အင်ဒိုနီးသျှား ရဲတပ်ဖွဲ့က ဩဂတ်စ် ၃၀ရက်နိတွင် ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် တယ်လီဖုန်းနန့် အွန်လိုင်းမှသမီးရည်းစားဖြစ်အောင်လုပ်ကာ ရာနန့်ချီသည့် လူများအပေါ် လိမ်လည်မှုများ ကျူးလွန်နီပြီး တရုတ်လုံခြုံရီးဝန်ကြီးဌာနမှ သတင်းပီးချက်အရ ဖမ်းဆီးခခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
အွန်လိုင်းလိမ်လည်မှုလုပ်နီလူများတွင် အမျိုးသား ၈၃ ယောက်နန့် အမျိုးသမီး ၅ ယောက်ပါဝင်ပြီး ၎င်းရို့ကို စင်ကာပူ နယ်စပ် ရီရယ်ကျွန်းစု၊ ဘတ်သမ်းမြို့ဟိ စက်မှုဇုန်တခုထဲတွင် ဩဂတ်စ် ၂၉ရက်နိက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရီရယ်ကျွန်း ရဲတပ်ဖွဲ့ ပြောခွင့်ရ ဇာဝန်နီ ပန်ဒရာက ပြောကြားသည်။
အွန်လိုင်းလိမ်လည်လူများ၏ ပစ်မှတ်အများစုမှာ သမီးရည်းစားအသွင်ဟန်ဆောင်ပြီး ငွေလွှဲရန် လှည့်စားခြင်း၊ ဓားစာခံများကို တရုတ်နိုင်ငံသို့ မှောင်ခိုပို့ခြင်းများဖြစ်သည်ဟု ၎င်းကဆိုသည်။
ရဲတပ်ဖွဲ့အနီနန့် အဆိုပါအွန်လိုင်းလိမ်လည်မှုဂိုဏ်းတွင် အင်ဒိုနီးသျှားနိုင်ငံသား ပါဝင်ပတ်သက်မှုဟိ၊မဟိ စုံစမ်းစစ်ဆီးနီပြီး အဆိုပါ တရုတ်နိုင်ငံသားများကို တရုတ်အာဏာပိုင်များထံသို့ လွှဲပြောင်းလားမည်ဖြစ်ကြောင်း သိရသည်။
ကုန်ခသည့် ၂၀၁၉ ခုနှစ်ကလေ့ အင်ဒိုနီးသျှားတွင် အွန်လိုင်း ရင်းနှီးမြှုပ် နှံမှု လုပ်ငန်း လိမ်လည်မှုဂိုဏ်းတွင် ပါဝင်သည့် တရုတ်နိုင်ငံသား ၈၅ ယောက်ကို ဖမ်းမိခသည်။
အလားတူ ၂၀၁၇ ခုနှစ်တွင်လေ့ ယင်းကဲ့သို့ အွန်လိုင်းလိမ်လည်မှုလုပ်နီသည့် တရုတ်နန့် ထိုင်ဝမ်နိုင်ငံသား ၄၁၉ ယောက်ကို အင်ဒိုနီးသျှား ရဲတပ်ဖွဲ့က ဖမ်းဆီးခရာ ၎င်းရို့သည် အင်ဒိုနီးသျှားတွင် ထောင်နှစ်လနန့် ဒဏ်ငွေဒေါ်လာ ၇၇၀ ချမှတ်ခံရ ပြီးနောက် တရုတ်အာဏာပိုင်များလက်သို့ လွှဲပြောင်းခံခရသိမ့်သည်။
Source – Indonesia arrests 88 Chinese nationals over online romance scams
Photo – AP
