APM ၊ ဩဂတ်စ် ၃၁ / ၂၀၂၃
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ပြီးခသည့်သီတင်းပတ်က မိုးသက်မုန်တိုင်း ကျရောက်ခမှုကြောင့် လူ ၄ယောက် သီဆုံးခပြီး လူပေါင်းဒါဇင်ချီ ပျောက်ဆုံးလျက်ဟိကြောင်း နိုင်ငံပိုင် CCTV ရုပ်သံက သြဂတ်စ် ၃၀ ရက်နိတွင် ဖော်ပြသည်။
စီချွမ်ပြည်နယ်ဟိ တောင်ထူထပ်သော ဂျင်ယန်းကောင်တီတွင် ပြီးခသည့် သြဂတ်စ် ၂၁ ရက်နိက၍ ဆိုးရွားသည့် မိုးရွာသွန်းမှု ဖြစ်ပွားခပြီး ပျက်စီးဆုံးယှုံးမှုစာရင်းကို မသိရသိမ့်ဟု ဆိုသည်။
မိုးရွာသွန်းမှုကြောင့် လူပေါင်း ၂၀၀ လောက်အလုပ်လုပ်နီသည့် သံမဏိလုပ်ငန်းတခုအတွင်း ရီကြီးမှုဖြစ်ပွားခရာ လူ ၄ယောက်သီဆုံးခပြီး ၄၈ ယောက် ပျောက်ဆုံးနီတုန်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
တရုတ်သမ္မတ ချီကျင့်ဖျင်က ပျောက်ဆုံးနီလူများအတွက် ယှာဖွီရီးလုပ်ငန်းများကို မြှင့်တင်ရန်နန့် ကျန်ရစ်သည့် မိသားစုများကို ထောက်ပံ့မှုများ ပြုလုပ်ရန် ဒေသအာဏာပိုင်များကို ညွှန်ကြားထားသည်ဟု သိရသည်။
ကုန်ခသည့် ဂျူလိုင်လကလည်း ဒေါ့ဆူရီတိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံ မြောက်ပိုင်းတွင် စံချိန်တင် မိုးရွာသွန်းခရာ ရီကြီးရီလျှံမှုများဖြစ်ပွားပြီး အနည်းဆုံး လူ ၇၈ ယောက်သီဆုံးခကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
Source – Four dead, dozens missing in China rainstorms
Photo chinadaily