APM၊ ဩဂတ်စ် ၃၁/၂၀၂၂
အပြစ်မဲ့အာရက္ခပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်မှုအပေါ် လက်တုံ့ပြန်သည့်အနီနန့် ရက္ခိုင့် တပ်တော်က စစ်ကောင်စီ၏ မိုင်တိုင် အမှတ်(၄၀) အထိုင်စစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့် တပ်တော် AA မှ ဒေနိ(ဩဂတ်စ် ၃၁ ရက်နိ) တွင် ထုတ်ပြန်ကြေညာသည်။
ရက္ခိုင့်တပ်တော်AA ၏ထုတ်ပြန်ချက်၌ “သြဂတ်စ်လ(၃၁)ရက်နိတွင် ရက္ခိုင်-ဘင်္ဂလာဒေ့ရှ်နယ်စပ်၊ မိုင်တိုင်အမှတ် (၄၀)အနားဟိ စစ်ကောင်စီ၏တပ်စခန်းတခုအား ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခကြောင်း၊ အဆို ပါ စခန်းပတ်ဝန်းကျင်၌တိုက်ပွဲများစတင်ဖြစ်ပွားနီခသည်မှာ သြဂတ်စ်လ(၂)ရက်နိကပင် ဖြစ်ပြီး အဆိုပါနီရာ အပါ အဝင် ပလက်ဝဒေသ နန့် အခြားနီရာများ၌ ရက်ဆက်တိုက်ပွဲများမှာ တလနီးပါးကြာမြင်ခကြောင်း”ဖော်ပြသည်။
“နယ်စပ်မိုင်တိုင် (၃၇) မှ မိုင်တိုင်(၄၀) ပတ်ဝန်းကျင်အပြင် ဝေလာတောင်တန်းပေါ်၌ စစ်ကောင်စီ ဖက်မှ ပိတ်ဆို့ ဖြတ်တောက်ထားသည့်နည်းတူ AA ဖက်မှလေ့ စစ်ကောင်စီတပ်စခန်းတချို့အား ပိတ်ဆို့ ဖြတ်တောက်ထားသည့် အခင်းအကျင်း၌ စစ်ကောင်စီသည် တရက်လျှင် လက်နက်ကြီး အရေအတွက် ခန့်မှန်း (၃၀၀/၄၀၀) အား ခမောင်း ဆိပ်၊ မိုင်တိုင်အမှတ် (၃၄)၊ (၃၈)၊ နခခ (၇) ကြိမ်ချောင်းဗျူဟာ၊ မိုင်တိုင်အမှတ် (၃၈) နန့် (၃၉) အကြားနီရာများ အပါအဝင် အနီးအနားဟိ ၎င်းရို့တပ်စခန်းများမှလက်နက်ကြီးများဖြင့် နိတိုင်းနီးပါး ပစ်ခတ်တိုက်ခိုက်နီသည့်အပြင် ဒေရက်ပိုင်းအတွင်းရဟတ်ယာဉ်၊တိုက်ဂျက်လီယာဉ်များဖြင့်ပါဗုံးကြဲတိုက်ခိုက်နီသည့်ကြားမှ AAက စစ်ကောင်စီ၏ မိုင်တိုင်အမှတ်(၄၀)အနားဟိ အထိုင်ချအခိုင်အမာစခန်းအား ဒေနိတွင် ထိုးစစ်ဆင်တိုက်ခိုက်ခပြီး၊ မိုးထ (၉) နာရီ (၁၂) မိနစ်တွင် စခန်းတခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ခသည်”ဟု AA က ဆိုသည်။
စစ်ကောင်စီတပ်၏အခိုင်အမာအထိုင်ချစစ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ရခြင်းနန့်ပတ်သက်၍ “သြဂတ်စ် လ(၂၈) ရက်နိကစစ်ကောင်စီတပ်သည် အပြစ်မဲ့အာရက္ခပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်ခသော ကြောင့်”ဟု AA က ထုတ်ပြန်သည်။
ယင်းနိက စစ်ကောင်စီတပ်၏ စကခ(၉) လက်အောက်ခံ၊ မြောက်ဦးအခြီစိုက် ခမရ (၃၇၇) ၊ ခမရ (၃၇၈)၊ ခမရ (၅၄၀) ရို့အပြင် ၎င်းရို့တပ်စွဲ ထားသော တိမ်ညို၊ သင်းကျိုက်တောင်၊ လင်းမြီတောင် စသည့်နီရာများမှ မြောက်ဦး မြို့နယ် အတွင်းဟိ ကင်းဆိပ်၊ ဘူးရွက်မညှိုး၊ အောက်သကန်၊ ကူးတို့၊ ချောင်းနား၊ လက္ကာ၊ ဝေသာလီ စသည့်ရွာ များသို့ရည်ရွယ်ချက်ဟိဟိတမင်တကာလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခသောကြောင့် အသက်(၅) နှစ် အရွယ် မောင်မြတ်သူလင်း အပါအဝင် ဦးလှအောင်သိန်း (အသက် ၃၈ နှစ်)၊ ဒေါ်အေးယဉ်နု (အသက် ၆၉ နှစ်)ရို့ လက်နက် ကြီးကျည်ထိမှန်သီဆုံးခပြီး ဒဏ်ရာရဟိသူ (၉) ဦးအထိ ဟိခသည်။
ယင်း မိုင်တိုင်အမှတ်(၄၀) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှပြင်းထန်ဒဏ်ရာရဟိပြီး လောလောဆယ် အသက်မသီသိမ့်သော ဒုတပ်ကြပ် သက်ကိုဦး တယောက်မှလွဲ၍ “ရဲအုပ် စိုးစိုးပိုင်” အပါအဝင် (၁၉) ယောက်စလုံး သီဆုံးခပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို ရက္ခိုင့်တပ်တော် မှ သိမ်းဆည်းရမိခ ကြောင်း၊ အယင်ရက်များကပင် သီဆုံးသူများအား ယင်းစခန်းအတွင်း မြုပ်နှံထားသော အလောင်း အမြောက်အမြား ကိုလေ့တွိရကြောင်း၊ ရက္ခိုင့်တပ်တော်ဖက်မှလေ့ စခန်းသိမ်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျအဆုံးတချို့ဟိ ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ယင်းနည်းတူ “သြဂတ်စ်လ(၃၀) ရက်၊ ညဇာ(၆) နာရီ (၃၈) မိနစ်တွင် ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာ အနောက်ဘက် မီတာ (၇၀၀) အကွာအဝီးဟိ ကားလမ်းမအနား၌လေ့ ထိတွိတိုက်ခိုက်မှု ဟိခကြောင်း၊ စစ်ကောင် စီတပ်ဖက်မှ ထိခိုက်ဒဏ်ရာရသူတချို့ဟိခပြီး ရက္ခိုင့်တပ်တော်ဖက်မှလေ့ ဒဏ်ရာရသူ အချို့ဟိခကြောင်းနန့်ဒေနိ (သြဂတ်စ်လ(၃၁) ရက်နိ) နိခင်း (၂) နာရီ (၄၀) မိနစ်အချိန်တွင်လေ့ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာ၏ အနောက် ဘက် မီတာ(၅၀၀) ခန့်အကွာအဝီးတွင် တိုက်ပွဲဖြစ်ပွားလျက်ဟိပြီး ရန်သူ့ဖက်မှ (၁၀) ဦး မျက်မြင်ကျဆုံးနီကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် အာရက္ခတိုင်းပြည်နန့်လူမျိုးအတွက်အသက်ပီးဆပ်စွန့်လွှတ်ခရသောအာရက္ခစစ်သည်တော်များ၊ ထူး ချွန် မြောင်မြောက်စွာတိုက်ပွဲဝင်ခသော အာရက္ခစစ်သည်တော်များကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်းလေ့ ရက္ခိုင့် တပ်တော် AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါဟိပါသည်။
(Zawgyi)
အပြစ်မဲ့ အာရက္ခပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်မှုအပေါ် လက်တုံ့ပြန်သည့် အနီနန့် ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ မိုင်တိုင် အမှတ်(၄၀) အထိုင်စခန်းအား တိုက်ခိုက်သိမ်းပိုက်
APM၊ ဩဂတ်စ် ၃၁/၂၀၂၂