APM၊ ဩဂတ်စ် ၃၁/၂၀၂၂
စစ်တွေမြို့၊ဘောလုံးကွင်းရပ်ကွက်၊မေယုလမ်းဟိ “Luminous/Liveguard ”ပလပ်စတစ်ပစ္စည်းနန့်လူသုံးကုန်အရောင်းအဝယ် ဆိုင်၌ အလုပ်လုပ်နီသော အသက် (၁၈)နှစ်အရွယ် မနွယ်သန္တာဝင်း(ဖ)ဦးဆန်းဝင်း ကို သတ်ဖြတ်ခသူ လူသတ်တရားခံအား စုံစမ်းဖော်ထုတ်နိုင်ခပြီးဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ ဩဂတ်စ် ၃၁ ရက်နိ ဒေနိတွင် သတင်းထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်၌ “ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းဟိ “Luminous/Livguard” ပလပ်စတစ် ပစ္စည်း နန့် လူသုံးကုန်အရောင်းအဝယ်ဆိုင်၌ အလုပ်လုပ်နီသော အသက် (၁၈) နှစ် အရွယ် မနွယ်သန္တာဝင်း(ဖ)ဦးဆန်းဝင်းမှာ ဝမ်းခေါင်းတွင် ဓါးထိုးဒဏ်ရာများ၊လည်ပင်းတွင် ညိုမဲဒဏ်ရာများ ဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လ (၁၅) ရက်နိ၊ ညဇာ (၆) နာရီ ဝန်းကျင်တွင် ယင်းဆိုင်၏ စတိုခန်းအတွင်း၌ သီဆုံးနီကြောင်း သိဟိရပါသည်” ဟု ဖော်ပြသည်။
ယင်းနောက် ” မနွယ်သန္တာဝင်း သီဆုံးမှုနန့်ပတ်သက်၍ အမှုမှန်၊ တရားခံ ပေါ်ပေါက်ရီးအတွက် သံသယ ဖြစ်ခြင်းခံရသော ပတ်သက်နီသည့်သူများကိုခေါ်ယူ၍စစ်ဆီးမိန်းမြန်းကာ လူသတ်တရားခံအား စုံစမ်းဖော်ထုတ်နိုင်ခပြီးဖြစ်ကြောင်း၊ လူသတ် တရားခံအား ဥပဒေလုပ်ထုံးလုပ်နည်းများနန့်အညီ အပြစ်ပီးအရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ဟိကြောင်းနန့် အဂုပိုင်အမှုမှန်ပေါ်ပေါက်နိုင်ရီးနန့် ပြစ်မှုကျူးလွန်ထားသောတရားခံကိုပေါ်ပေါက်အောင် ဖော်ထုတ်နိုင်ရီးအတွက်တာဝန် သိစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပီးခပါသော တာဝန်သိပြည်သူများကို အလေးအနက် ကျေးဇူးတင်ဟိကြောင်း” ULA က ဆိုသည်။
ယင်းနည်းတူ “ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်ပြည်သူ့ရဲတပ်ဖွဲအနီနန့် ပြည်သူ့လုံခြုံရီး၊ တရားမျှတမှုရဟိစီရီးအတွက် ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းများကို အချိန်နန့် တဗြီးညီ လုပ်ဆောင်လျက်ဟိပြီး၊ ပြည်သူများဖက်မှလေ့ ပြည်သူ့တာဝန်သိစိတ်နန့်အတူ ပိုမို ပူးပေါင်း ဆောင်ရွက်ပီးကတ်ပါရန်တိုက်တွန်းပါကြောင်း၊ မိမိရို့အနီနန့် အာရက္ခပြည်သူများ၏ အသက်အိုးအိမ်၊စည်းစိမ်လုံခြုံရီး အပြည့်အဝရဟိစီရန်အတွက် အေထက်မက ကြိုးပမ်းဆောင်ရွက်လား မည်ဖြစ်ကြောင်း”လေ့ ULA ၏ထုတ်ပြန်ချက်၌ ဖော်ပြ ပါဟိပါသည်။
(Zawgyi)
မနွယ်သန္တာဝင်း အသတ်ခံရမှုတွင် တရားခံအား စုံစမ်းဖော်ထုတ် ရဟိပြီး ဖြစ်ကြောင်း ULA ထုတ်ပြန်
APM၊ ဩဂတ်စ် ၃၁/၂၀၂၂