APM ၊ ဂျူလိုင် ၃၁ / ၂၀၂၃
နော်ဝေလက်ရွိးစင်အမျိုးသမီးအသင်းသည် နယူးဇီလန်နိုင်ငံ၊ အော့ကလန်မြို့တွင် ဂျူလိုင် ၃၀ ရက်နိက ယှဥ်ပြိုင်သည့် ၂၀၂၃ အမျိုးကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စု (A) နောက်ဆုံးပွဲစဉ်၌ ဖိလစ်ပိုင်အမျိုးသမီးအသင်းအား ၆ ဂိုး၊ ဂိုးမဟိဖြင့် အနိုင်ယူ၍ ၁၆ သင်းအဆင့်သို့ တက်ရောက်လားသည်။
ယင်းပွဲစဉ်၌ နော်ဝေအတွက် အဖိုးတန်အနိုင်ဂိုးများကို တောင်ပံကဇတ်သမား ဆိုဖီ ရိုမန်ဟော့ဂ် ၃ ဂိုး၊ ကွင်းလယ်လူ ဂူရိုရီတန် ၂ ဂိုး နန့် တိုက်စစ်မှူး ကာရိုလိုင်း ဂရေဟမ် ဟန်ဆင်က ၁ ဂိုးစီ သွင်းယူခကာ ပူးတွဲအိမ်သျှင် နယူးဇီလန် အသင်းအား ကျော်တက်၍ ရမှတ်တူ (၄) မှတ် ဂိုးကွာခြားချက် ၅ ဂိုးဖြင့် အုပ်စု (A ) ဒုတိယနီရာ နန့် နောက်တဆင့်သို့ တက်ရောက်ခခြင်း ဖြစ်သည်။
“ဒေနိ နော်ဝေပြည်သူတိအတွက် အကောင်းဆုံး စွမ်းဆောင်ပီးနိုင်ခပါရေ။ ဒေပွဲက နောက်တဆင့်တက်နိုင်ဖို့ အဆုံးအဖြတ် ပွဲဖြစ်ပနာအသင်း၏ စွမ်းအင်တိကိုလေ့ တွိခရပါရေ” ဟု နော်ဝေ နည်းပြ ရီဆာ က ပြောကြားခသည်။
ဒေဂုကျင်းပနီသည့် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ လက်ဟိအချိန်အထိ ၁၆ သင်းအဆင့်သို့ တက်ရောက်ထားသည့် အသင်းများမှာ အုပ်စု (A) မှ ဆွစ်ဇာလန်၊ နော်ဝေ၊ အုပ်စု (C) မှ စပိန်၊ ဂျပန် နန့် အုပ်စု (G) မှ ဆွီဒင် အသင်းများ တက်ရောက်ထားကြောင်း သိရသည်။
Source- Norway advanced to the next round after defeating the Philippines by 6 goals/Reuters
Photo- San Diego Union-Tribune