
APM ၊ ဂျူလိုင် ၃၁ / ၂၀၂၃
စပိန် လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းတွင် ၉ ရာသီကြာကဇတ်ဖူးသည့် အသက် ၃၇ နှစ်အရွယ် ဥရုဂွေးလက်ရွီးစင် နောက်ခံလူ ဒီယေဂို ဂိုဒင် သည် ပရော်ဖက်သျှင်နယ် ဘောလုံးလောကမှ အနားယူကြောင်း ဂျူလိုင် ၃၀ ရက်နိတွင် ကြေညာခသည်။
“ဘောလုံးကဇတ်သမားဘဝကနီ အနားယူဖို့ ကျနော် ဆုံးဖြတ်လိုက်ပါဗျာယ်။ ကျနော်အနားယူပြီးကေ တခြားဦးစား ပီးရဖို့အရာတိအတွက် အချိန်ပီးချင်လို့ပါ။ ယေပြီးကေ အဂုအချိန်မှာ ကျနော်က ဖခင်တယောက် ဖြစ်နီပါယာ ဟု ဂိုဒင်က ဆိုသည်။
ဝါရင့်ဗဟိုခံစစ်မှူး ဂိုဒင်သည် ၂၀၀၃ ခုနှစ်တွင် ဥရုဂွေးကလပ် CA Cerro အသင်းဖြင့် ကဇတ်သမားဘဝကို စတင်ခပြီး ယင်းမှတဆင့် ဗီလာရီးရဲ၊ အသက်လက်တီကိုမက်ဒရစ် ၊ အသက်လက်တီကိုမီနီရို၊ အင်တာမီလန် ၊ ကာဂလီယာရီ နန့် အာဂျင်တီးနားကလပ် ဗဲလိက်ဇ်ဆာဇီးလ်အသင်းရို့တွင် ကဇတ်သမားဘဝကို ဖြတ်သန်းခသည်။
ဂိုဒင်သည် ပွဲပေါင်း ၆၂၇ ပွဲကဇတ်ခသည့်အထဲ ၃၈ ဂိုးသွင်းယူခပြီး လာလီဂါဖလား(၁) ကြိမ်၊ ယူရိုပါလိဂ်ဖလား (၂) ကြိမ်၊ ဥရောပ စူပါဖလား (၃) ကြိမ်၊ စပိန်ကိုပါဒယ်ရေးဖလား (၁) ကြိမ်၊ စပိန် စူပါဖလား (၁) ကြိမ် နန့် ဘရာဇီးစူပါဖလား (၁) ကြိမ်ရို့အား ဆွတ်ခူးရဟိခပြီး ဥရုဂွေးအသင်း နန့် လေ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၄)ကြိမ်နန့် ကိုပါအမေရိက ပြိုင်ပွဲ (၇) ကြိမ်အထိ ပါဝင်ကဇတ်ဖူးခကြောင်း သိဟိရသည်။
Source- Atletico defender Godin retires from football/Reuters
Photo- The Independent
