
APM၊ ဂျူလိုင် ၃၁/ ၂၀၂၃
ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ဒါကာမြို့တွင် ကုန်ခသည့် ဂျူလိုင် ၂၉ရက်နိက လက်ဟိဝန်ကြီးချုပ် ချိတ်ဟာဆီနာအား ရာထူးမှဆင်းလားရန် တောင်းဆိုဆန္ဒပြကတ်ရာ ဆန္ဒပြသူများနန့် ရဲတပ်ဖွဲ့ရို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အကြမ်းဖက်ဖြိုခွင်းမှုများ ဖြစ်ပွားခကြောင်း သိရသည်။
မြို့တော်ဒါကာ၏ အဓိကလမ်းမကြီးများကို ထောင်နန့်ချီသည့် ဆန္ဒပြသမားများက ပိတ်ဆို့ဆန္ဒပြရာမှ ရဲတပ်ဖွဲ့နန့် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားကာ ဆန္ဒပြသမားများက ရဲတပ်ဖွဲ့ဝင်များကို ကျောက် သီးများနန့်ပစ်ခတ်ရာမှ ရဲတပ်ဖွဲ့ကလေ့ လူအုပ်ကြီးကို ရာဘာကျည်များ၊ မျက် ရည်ယိုဗုံးများနန့် လူစုခွဲခကြောင်း သိရသည်။
ဒါကာမြို့၏ အနည်းဆုံးနီရာ ၄ခုတွင် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခပြီး ရဲအရာဟိတချို့ထိခိုက်ဒဏ်ရာရဟိခပြီးဆန္ဒပြသူ ၆ယောက်အား ထိခိုက်ဒဏ်ရာများနန့် ဒါကာဆီးရုံသို့ ပို့ဆောင်ခရသည်ဟု ဒါကာမြို့ရဲဌာန ပြောခွင့်ရ ဖာရတ် အာမတ်ဒ် က ဆိုသည်။
အဆိုပါဖြစ်ရပ်များကြောင့် နိုင်ငံမြို့ တော်နန့် ဆက်သွယ်သည့်သယ်ယူပို့ဆောင်ရီးလုပ်ငန်းများ ပြတ်တောက်ကာထရပ်ကားများနန့်ဘတ်စ်ကားအများအပြား လမ်းမကြီးများတလျှောက်ပိတ်မိနီခသည်။
ဘင်္ဂလားဒေ့ချ်နိုင်ငံ၏ လက်ဟိ ချိတ်ဟာဆီနာဦးဆောင်နီသည့် အဝါမီလိဂ်အစိုးရနုတ်ထွက်ရန် ပြိုင်ဖက် ဘင်္ဂလားဒေ့ချ်အမျိုးသားပါတီ (BNP) ဦးဆောင် ၍ ဆန္ဒပြမှုများပြုလုပ်နီခြင်း ဖြစ်သည်။
ဆန္ဒပြသူများသည် အဝါမီလိဂ်အစိုးရနုတ်ထွက်ရီး၊ ပါလီမန်ကိုဖျက်သိမ်းရီး၊ လာမည့်နှစ်ရွီးကောက်ပွဲတွင် နိုင်ငံကိုဦးဆောင်ရန်အိမ်စောင့် အစိုးရဖွဲ့စည်းရီးနန့် BNP ပါတီဂေါင်းဆောင် ကလီဒါဇီယာအပါအဝင် နိုင်ငံရီးအကျဉ်းသားအားလုံးလွှတ်ပီးရန် တောင်း ဆိုနီကတ်သည်။
ယေကေလေ့ ဝန်ကြီးချုပ်ချိတ်ဟာဆီနာက အာဏာရ အဝါမီလိဂ်အစိုးရအနီနန့် ရာထူးမှနုတ်ထွက်မည်မဟုတ်ဟု တုံ့ပြန်ထားပြီး ဒေအပတ်အတွင်း ချီတက်ဆန္ဒပြမှုရန် စုဝေးနီသည့် BNP ပါတီမှ တက်ကြွလှုပ်ယှားသူ ၅၀၀ လောက်ကို ဖမ်း ဆီးလိုက်သည်။
အခြားတဖက်တွင် ၂၀၀၉ ခုနှစ်ကစ၍ ဘင်္ဂလားဒေ့ချ်၏ အာဏာရပါတီဖြစ်သည့် အဝါမီလိဂ်အား အာဏာသျှင် စနစ်နန့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှုများ ကျူးလွန်နီကြောင်း စွပ်စွဲထားပြီး ဆန္ဒပြပွဲများအတွင်း အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် အနောက်နိုင်ငံများ၏ ရှုံ့ချမှုကိုလေ့ခံနီရသည်။
Source – Bangladesh: Opposition protesters clash with police
Photo – Reuters
