
APM ၊ ဂျူလိုင် ၃၁ /၂၀၂၃
တောင်ကုတ်မြို့တွင် ဂျူလိုင် ၃၀ ရက်နိညဇာကကြက်ခြံလုပ်ငန်းပိုင်သျှင် တယောက်သတ်ဖြတ်ခံရကြောင်းသိရသည်။
သတ်ဖြတ်ခံရသူမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှ ကြက်ခြံလုပ်ငန်းပိုင်သျှင် ဦးစံသိန်းအောင် (၄၅နှစ်) ဖြစ်သည်။
ဦးစံသိန်းအောင်မှာ ဂျူလိုင် ၃၀ ရက်နိတွင် ၄င်း၏ကြက်ခြံသို့ဆိုင်ကယ်ဖြင့်လားရောက်စဉ် သတ်ဖြတ်ခံခရခြင်းဖြစ်ပြီး၊ အလောင်းကို ယင်းနိညည့် ၉ နာရီလောက်တွင် လိုင်ပင်း၌ ဓားလှီးဒဏ်ရာတချက်၊ ဝဲဖက်ရင်အုံ အောက်နန့် အထက်ဖက်တွင်ထိုးသွင်းဒဏ်ရာနှစ်ချက်ဖြင့် တောင်ကုတ်တက္ကသိုလ်အနားက စစ်ဆီးရီးဂိတ်နားတွင် တွိခရခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူ(များ)သည် ဦးစံသိန်းအောင်၏ Dream 125 ဆိုင်ကယ်တစီးနန့် ဖုန်းတလုံးကိုလေ့ လုယက်ယူ ဆောင် လားသည်ဟုမိသားစုနန့် နီးစပ်သူများထံမှ သိရသည်။
ဦးစံသိန်းအောင်မှာ တောင်ကုတ်-မအီကားလမ်းဘေး၊ မီးချောင်းထိုးရွာအလွန်ကြက်ခြံတခြံဟိပြီး ရန်မျိုးရွာတွင်လေ့ ကြက်ခြံတည်ဆောက်နီသူဖြစ်ကာ နိစဉ် ၄င်း၏ကြက်ခြံသို့ ဆိုင်ကယ်ဖြင့်လားလာလိဟိသူဖြစ်ကြောင်း သိရသည်။
