APM၊ ဂျူလိုင် ၃၁ / ၂၀၂၃
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခိုင်ဘာ ပါတ်ခတန်ခွာပြည်နယ်တွင် ဂျူလိုင် ၃၀ ရက်နိက နိုင်ငံရီးပါတီတခု၏ စုဝေးပွဲ၌ အသီခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၄၄ယောက်ထက်မနည်း သီဆုံးပြီး ၂၀၀နီးပါး ထိခိုက်ဒဏ်ရာရလားခကြောင်း အာဏာပိုင် များက ပြောကြားသည်။
အာဖဂန်နစ္စတန်နန့် နယ်နိမိတ်ချင်းထိစပ်နီသည့် ဘာဂျားခရိုင်၊ Khar မြို့ပြင်တွင် အစ္စလာမ်မစ်ပါတီတခုဖြစ်သည့် JUI-F ပါတီ ၏ လူ ၅၀၀ ကျော်တက်ရောက်နီသည့် နိုင်ငံရီးစည်းဝေးပွဲကို အသီခံဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်သည်။
ဗုံးခွဲတိုက်ခိုက်မှုအတွင်း လူ ၄၄ယောက်သီဆုံးပြီး ၂၀၀နီးပါးထိခိုက်ဒဏ်ရာရဟိခကြောင်း ပြည်နယ်ပြန်ကြားရီးဝန်ကြီး ဖော်ရတ်ဇ် ဂျမဲလ်က အတည်ပြုပြောဆိုသည်။
ဗုံးခွဲတိုက်ခိုက်မှုအတွင်း ပြင်းပြင်း ထန်ထန် ထိခိုက်ခသူများကို ပက်ချဝါမြို့နယ်၊ ဆီးရုံများသို့ စစ်ရဟတ်ယာဉ်များနန့် ပို့ဆောင်ခပြီး ဘာဂျားခရိုင်အတွင်းဟိ အနီးအနားဆီးရုံများတွင် ဒဏ်ရာရသူများပြားသည့်အတွက် အရေးပေါ်အခြေအနီ သတ်မှတ် ထားရသည်ဟုခရိုင်ရဲအရာဟိ နဇီးယားခမ်းက ဆိုသည်။
အသီခံဗုံးခွဲသူသည် ပါတီဂေါင်းဆောင်များထိုင်သည့် စင်မြင့်အနား၌ ဖောက်ခွဲလိုက်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ကနဦး စုံစမ်းချက်များအရ အဆိုပါတိုက်ခိုက်မှုကို ISIS အဖွဲ့က ပြုလုပ်ခကြောင်း သိရပြီး တာဝန်ဟိသူများက ဆက်လက်စစ်ဆီးနီသည်ဟု ဆိုသည်။
ပါကစ္စတန်ဝန်ကြီးချုပ် ချာဘတ်ဇ် ချာရစ်ဖ်က ဗုံးခွဲတိုက်ခိုက်မှုကို ပြင်းပြင်းထန် ထန်ရှုံ့ချပြီး တိုက်ခိုက်မှုအတွင်း သီဆုံးခသည့် JUI-F ပါတီဂေါင်းဆောင် မိုလန်နာ ဇီယာအလ္လာဂျမ်း အပါအဝင် သီဆုံးသူများ၏ မိသားစုဝင်များကို ဝမ်းနည်းကြောင်း ပြောကြား ခသည်။
နိုင်ငံခြားရီးဝန်ကြီး ဘီလဝဲလ် ဘူတို ဇာဒါရီကလေ့ နိုင်ငံအတွက် တန်ဖိုးဟိသည့် အသက်များ ဆုံးယှုံးရမှုအတွက် ဝမ်းနည်း ကြောင်း ထုတ်ဖော်ပြောကြားခပြီး နိုင်ငံတွင်း ငြိမ်းချမ်းရီးထူထောင်နိုင်ရန် အကြမ်းဖက်သမားများကို ဖယ်ယှားပစ်ရန် အရေး တကြီး လိုအပ်နီသည်ဟု ထပ်လောင်းပြောဆိုခသည်။
ဂျူလိုင် ၃၀ရက်နိက ဗုံးခွဲတိုက်ခိုက်မှုသည် ၂၀၁၄ခုနှစ်နောက်ပိုင်း ပါကစ္စတန်အနောက်မြောက်ပိုင်း၌ အဆိုးဝါးဆုံး တိုက်ခိုက်မှု လေးခုထဲမှ တခုဖြစ်ပြီး ပြီးခသည် ၂၀၁၄ခုနှစ်က စစ်တပ်ပိုင်စာသင်ကျောင်းတကျောင်းကို တာလီဘန်များက ဗုံးခွဲတိုက်ခိုက် ခရာ ကျောင်းသား/ကျောင်းသူ အများစု အပါအဝင် လူပေါင်း ၁၄၇ ယောက် သီဆုံးခသိမ့်သည်။
Source – Suicide bomber at political rally in northwest Pakistan kills at least 44 people, wounds nearly 200
Photo – AP