
APM၊ ဂျူလိုင် ၃၁ /၂၀၂၃
ရက္ခိုင်ကမ်းရိုးတန်းနန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် ရံဖန်ရံခါ မိုးသက်လီပြင်းကျရောက်နိုင်ပြီး လှိုင်းကြီးမည်ဟု မိုးလီဝသနန့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ဒေနိ(ဂျူလိုင် ၃၁ ရက်နိ) မိုးထ ၇ နာရီတွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ ” ဒေနိမြန်မာစံတော်ချိန် ၅ နာရီခွဲ အချိန်တိုင်းထွာချက်အရ ရက္ခိုင်ကမ်းရိုးတန်း အပါအဝင် မြန်မာ့ ကမ်းရိုးတန်းတလျှောက်နန့်ကမ်းလွန်ပင်လယ်ပြင်ရို့တွင် ရံဖန်ရံခါ မိုးသက်လီပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လီပြင်းကျစဉ် ရီပြင်/မြီပြင်လီသည် တနာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၃ ပေလောက်ဟိနိုင်ပါသည် ဟု ဆိုသည်။
ယင်းအပြင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနန့် ယင်းနန့်ဆက်စပ်လျက်ဟိသော အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်မြောက်ပိုင်းနန့် အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြီရို့တွင် ဖြစ်ပေါ်နီသည့် လီဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ဟိနီကြောင်းလေ့ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ကပ္ပလီပင်လယ်ပြင်နန့် ဘင်္ဂလားပင်လယ်အော်ရို့တွင်လေ့ မုတ်သုံလီ အားအလွန်ကောင်းနီပြီး ရက္ခိုင်အပါအဝင် မြန်မာပြည်နီရာတချို့တွင် နီရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


