
APM၊ ဂျူလိုင် ၃၁ /၂၀၂၃
ဆော်ဒီကလပ် အယ်လ်အာလီအသင်းသည် နယူးကာဆယ်အသင်းမှ ပြင်သစ်တောင်ပံကဇတ်သမား မက်ဆီမင် ကို ခေါ်ယူလိုက်ကြောင်း ကလပ်အသင်းဖက်က ဂျူလိုင် ၃၀ ရက်နိတွင် တရားဝင်ကြေညာသည်။
အယ်လ်အာလီအသင်းသည် မက်ဆီမင်ကို ပြောင်းရွှိကြေး ယူရို ၂၇.၂ သန်းဖြင့် ၂၀၂၆ ခုနှစ်အထိ ၃ နှစ်စာချုပ် ချုပ်ဆိုခသည်။
မက်ဆီမင်ကို ခေါ်ယူနိုင်ခလို့လေ့ ဝမ်းသာပါရေ။ သူက ကဇတ်သမားကောင်းတယောက်ပါ။ ကျနော်ရို့ဖက်ကလေ့ အကောင်းဆုံးကဇတ်သမားတိကိုရာ ရွီးချယ်ထားစွာပါ ဟု အယ်လ်အာလီဖက်က ဆိုသည်။
အယ်လ်အာလီအသင်းသည် မက်ဆီမင် အပြင် မာရက်ဇ်၊ ဖေမီနိုနန့် မန်ဒီရို့ကို ခေါ်ယူထားသည့် အသင်းလေ့ ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် မက်ဆီမင်သည် ကုန်ခသည့် ၂၀၁၉ ခုနှစ်တွင် နိုက်စ် အသင်းမှ နယူးကာဆယ်အသင်း သို့ ရောက်ဟိလာပြီး အသင်းတွင် ပြိုင်ပွဲစုံ ၁၂၄ ပွဲကဇတ်ရာ ၁၃ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု (၂၁) ကြိမ် ပြုလုပ်ထားသည်။
Source Saint-Maximin leaves Newcastle to join Saudi side Al-Ahli
Photo Sky Sports
