
APM ၊ ဂျူလိုင် ၃၁ / ၂၀၂၃
အင်္ဂလန်တိုက်စစ်မှူး မားကပ် ရက်ချ်ဖို့ဒ်က လက်ဟိနည်းပြ တန်ဟက်ဂ် မရောက်ခင် ၂၀၂၂-၂၃ ရာသီတွင် မန်ယူအသင်းမှ ထွက်ခွာရန် စဉ်စားဖူးသည်ဟု ဗြိတိန်မီဒီယာများအား ပြောဆိုသည်။
နည်းပြ တန်ဟက်ဂ် မရောက်ခင် ကျနော်ထွက်ခွာဖို့ထိ စဉ်စားဖူးပါရေ။ သူက အသင်းအတွက် ဦးဆောင်မှု လိုအပ်နီချိန်မှာ ရောက်ဟိလာစွာပါ။ သူ့ လက်ထက်မှာ ကျနော် ဘောလုံးကဇတ်ရစွာတိ လွတ်လပ်လာပနာ ပျော်ရွှင်မှုတိနန့် ကဇတ်နိုင်ခပါရေ ဟု ရက်ချ်ဖို့ဒ်က ဆိုသည်။
ပြီးခသည့်ရာသီက မန်ယူအသင်း၏ တနှစ်တာအကောင်းဆုံးကဇတ်သမားဆု နန့် ဂိုး ၃၀ သွင်းယူနိုင်ခသည့် ရက်ချ်ဖို့ဒ်သည် လက်ဟိတွင် မန်ယူအသင်း နန့် ၅ နှစ်သက်တမ်းဟိ စာချုပ်သစ်တရပ် ချုပ်ဆိုထားကြောင်း သိရသည်။
မန်ယူအသင်းသည် ရာသီကြိုခြီစမ်းပွဲစဉ်အဖြစ် သြဂတ်စ် ၅ ရက်နိတွင် လန်းစ်အသင်း၊ ၆ ရက်နိတွင် ဘီဘာအို အသင်းရို့ဖြင့် ဆက်လက်ကဇတ်မည်ဖြစ်ပြီး သြဂတ်စ် ၁၅ ရက်နိမှာတော့ ဝုလ်ဗာဟမ်တန် အသင်း နန့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို စတင်ကဇတ်မည် ဖြစ်သည်။
Source- Rashford said he had considered leaving the club before Tanhag arrived/Reuters
Photo-CNA
