APM ၊ ဂျူလိုင် ၃၁ / ၂၀၂၃
ပါကစ္စတန်နိုင်ငံ၊ ဂဲလ်ဂစ်- ဘော်လ်တီစတန် တောင်တန်းဒေသ ဒိုင်ယာမီယာခရိုင်တွင် ဂျူလိုင် ၂၈ ရက်နိက ကမ္ဘာ့ လှည့်ခရီးသည်များတင်ဆောင်လာသည့် ဗင်ကားတစီး ချောက်ထဲသို့ ပြုတ်ကျရာ လူ ၈ ယောက် သီဆုံးပြီး ၉ ယောက်ထိခိုက် ဒဏ်ရာရလားကြောင်း ကယ်ဆယ်ရီးနန့် အစိုးရတာဝန်ဟိသူများက ပြောကြားသည်။
အဆိုပါဖြစ်စဉ်သည် ဘာဘူဆာတောင်ကြားဟိ အဝီးဗြီးလမ်းမတွင် ဖြစ်ပွားခပြီး ဗင်ကားသည် တခြားကားတစီးနန့် တိုက်မိရာမှ လမ်းထက်မှ ချောက်ထဲသို့ လိမ့်ကျခခြင်းဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည် ၁၆ ယောက်နန့် ယာဉ်မောင်းတယောက်လိုက်ပါလာသည့် အဆိုပါ ဗင်ကားသည် ချောက်ထဲသို့ ပြုတ်ကျ ပြီးနောက် မီးလောင်ပျက်စီးလားခသည်။
ဖြစ်စဉ်အတွင်း အမျိုးသမီး ၄ ယောက်၊ အချေသူငယ် ၄ ယောက်၊ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရဟိခပြီး ၎င်းရို့ကို ချီလတ်စ်မြို့ ဆီးရုံသို့ ပို့ဆောင်ခကြောင်း သိရသည်။
ဒေဂုလအစောပိုင်းကလေ့ ဂဲလ်ဂစ်-ဘော်လ်တီစတန်ဒေသ၊ ကာရာကိုရမ်တောင်ကြား အဝီးဗြီးလမ်းထက်တွင် ခရီးသည်များ တင်ဆောင်လာသည့် ဘတ်စ်ကားတစီး ချောက်ထဲသို့ ထိုးကျကာ အမျိုးသမီး ၅ယောက်အပါအဝင် လူ ၆ ယောက် သီဆုံးပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာရဟိခသိမ့်သည်။
Source – 8 Killed After Bus Carrying Tourists Falls Into Ravine In Gilgit-Baltistan
Photo Gilgit Baltistan