
APM၊ ဂျူလိုင် ၃၁ / ၂၀၂၃
ကရင်ပြည် ၊ ဘားအံမြို့နယ်က သံလွင်တန်းထားဟိ စစ်ကောင်စီစစ်ဆီးဂိတ်တွင် ဒေနိ(ဂျူလိုင် ၃၁ ရက်)နိ၊ မိုးထ ၇ နာရီ လောက်က မိုင်းပေါက်ကွဲ၍ လူ ၁ ယောက်သီဆုံးကာ ၁၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရလားကြောင်း သိရသည်။
ကားတွင်ဗုံးထောင်ဖောက်ခွဲခြင်းဟုသိရပြီး စစ်ဆီးရီးဂိတ်တွင် Honda Fit အဖြူရောင်ကားတစီးအား ယာဉ်ထိန်းရဲများက စစ်ဆီးနီစဉ် ကားအတွင်းမှ ပေါက်ကွဲခြင်းဖြစ်သည်။
ဗုံးပေါက်ကွဲမှုကြောင့် ခရီးလားအမျိုး သမီးတယောက်သီဆုံးခသည်။
ယင်းအပြင်လုံခြုံရီးတပ်ဖွဲ့ဝင် ၁၁ ယောက် ထိခိုက်ဒဏ်ရာရလားပြီးတခြားခရီးလား အမျိုးသား ၂ယောက်နန့် အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရဟိခကြောင်း ဘားအံအခြီစိုက် လူမှုကူညီရီးအဖွဲ့များမှ သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်ဆီးရီးဂိတ်နန့် တန်းထားလမ်းတချို့ပျက်စီးခပြီး အနားမှ မော်တော်ကားများနန့် ဆိုင်ကယ်များ လေ့ ပျက်စီးမှုများဟိခသည်ဟု ဆိုသည်။
အဆိုပါဖောက်ခွဲမှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိမ့်ရသိမ့်ဘဲ လက်ဟိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တန်းထားကို ပိတ်ထားကာ ပိတ်ဆို့စစ်ဆီးမှုများပြုလုပ်နီကြောင်း သိဟိရသည်။
Photo – Karen Channel Media


