APM၊ ဂျူလိုင် ၃၁/၂၀၂၂
အဂုရက်ပိုင်းအတွင်း စစ်ကောင်စီသည် မာန်အောင်မြို့နယ်မှ ကျေးရွာများသို့ ဝင်ရောက်ကာ ပြည်သူများအနီနန့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)အား မထောက်ခံရန် ဖိအားပီးခြိမ်းခြောက်မှုများဆက်တိုက်လုပ်နီပြီး၊ရပ်ရွာများ၌ ULA/AA ကို လိုက်ရှာသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနီအိမ်များကို အတင်းအဓမ္မ စီးနင်းဝင်ရောက်၍ ပိုက်စိုက်တိုက်ရှာဖွီ မွှီနှောက်မှုများကို အင်တိုက်အားတိုက် ဆက်တိုက် လုပ်ဆောင်နီသည်ဟု မာန်အောင်ဒေသခံများက ပြောသည်။
မာန်အောင်မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရီးမှူး “ဦးမင်းဇော်ထွန်း” ဦးဆောင်သော အဖွဲ့သည် ဂျူလိုင် ၃၀ရက်နိ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က မာန်အောင်မြို့နယ်၊ ဘဲအင်းရွာသို့ရောက်ဟိလာပြီး၊ ရွာသား ၃၀ ခန့်နန့်တွိဆုံကာ “ULA/AA သို့ ရန်ပုံငွေ လုံးဝ မထည့် ကတ်ဖို့၊ULA/AAနန့်ဆက်စပ်သူများကိုသတင်းပီးကတ်ဖို့နန့် ULA/AA ကို လုံးဝ မထောက်ခံကတ်ဖို့” ဖိအားပီးခြိမ်းခြောက် ပြောဆို လားခသည်။ အဆိုပါ မာန်အောင်မြို့နယ်စစ်ကောင်စီအုပ်ချုပ်ရီးမှူး ဦးမင်းဇော်ထွန်းသည် တခြားရွာများ၌လေ့ အလားတူ လုပ်ရပ်များကို ဆက်တိုက်လုပ်ဆောင်နီကြောင်း သတင်းရဟိသည်။
ယင်းသို့ စစ်ကောင်စီမှ ULA/AAအား မထောက်ခံဖို့နန့် ရန်ပုံငွေမထောက်ပံ့ဖို့ ရက္ခိုင်ပြည်သူများကိုဖိအားပီးခြိမ်းခြောက်နီသည့် တချိန်တည်းမှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ULA/AA ကို ရှာဖွီသည်ဟုအကြောင်းပြကာ ရပ်ရွာများသို့ အကြမ်း ပတမ်းစီးနင်း ဝင်ရောက်ပြီး လူနီအိမ်များကို ပိုက်စိုက်တိုက် ရှာဖွီနီကတ်သည်။
ဂျူလိုင် ၃၀ ရက်နိ ညဇာ ၉နာရီ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းအင်အား ၁၃ ခန့်သည် ULA /AA တပ်ဖွဲ့ဝင် များကိုဝင်ရောက်ရှာဖွီသည်ဟုဆိုကာ မာန်အောင်မြို့နယ်၊ မီးလောင်ဒေါင့်ကျေးရွာမှ လူနီအိမ်များကို အတင်း အဓမ္မ ဝင်ရောက် ရှာဖွီခကတ်သည်။
ဂျူလိုင် ၂၉ ရက်နိ ညဇာ ၉ နာရီလောက်ကလေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၃၀ ခန့်သည် မာန်အောင်မြို့နယ်၊ ပီတပြင်ကျေးရွာဟိ လူနီအိမ်များကို အတင်းအဓမ္မ ဝင်ရောက် ရှာဖွီခကတ်သည်။
အလားတူ ဂျူလိုင်၂၈ရက်နိ မွန်းလွဲ ၂ နာရီခွဲခန့်မှာ မာန်အောင်မြို့နယ်၊သစ်ပုံးရွာနန့်ဘဲအင်းရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအင်အား ၁၀ကျော်ရို့ စီးနင်းဝင်ရောက်ပြီး လူနီအိမ်များကိုအတင်းအဓမ္မ ဝင်ရောက် ရှာဖွီခသိမ့်သည်။
“ယင်းသူရို့တိက အိမ်တိဝင်ကေ ရန်သူစခန်းကို ဝင်စီးရေပုံစံမျိုးနန့်ဝင်လာရေ။ဖုန်းတိ၊ ကွန်ပျူတာ လက်တော့ပ်တိကိုပါ စစ်တေ။ ဖုန်းတိကို ကွန်ပျူတာတိနန့်ပါစစ်တေ။ ရှာစွာမှာ ဇာလောက်ရှာလဲဆိုကေ အိပ်ရာတိ၊ ဖျာတိကအစ လှန်ရှာရေ။ မီးဖို ချောင်ထဲ လားပနာ ငပိအိုးပါ နှိုက်လို့ရှာရေ။ ULA/AA နန့် ရက္ခိုင်ပြည်သူတိကို အဆက်ဖြတ်ဖို့ ကြိုးစားနီစွာပါ။ယင်းသူရို့က ယင်းပိုင်လုပ်လီ ပြည်သူတိက AA ဖက်သို့ ရောက်လီနန့်ရာ” ဟုနာမည် မဖော်လိုသူ သစ်ပုံရွာသားတယောက်က APM ကို ပြောသည်။
လက်ဟိအချိန်တွင် စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ညည့်အချိန်များ၌ ဝင်ရောက်ဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံးများ၊ တရားရီးဝန်ထမ်းများကိုအနှောင့် အယှက်ပီးခြင်း၊ ဖမ်းဆီးရန်ကြိုးပမ်းခြင်း၊ ပြည်သူလူထုအပေါ် စိုးရိမ်မှုများ ဆက်တိုက်ပီးနီခြင်း၊ လက်နက်ကြီးများဖြင့်ခြိမ်း ခြောက်နီခြင်း၊ ပြည်သူလူထုကိုပြန် ပီးဆွဲထားသကဲ့သို့ ပြုလုပ်ထားခြင်း စသည့်အချက်များအပြင် တိုက်ပွဲဖြစ်ပွားလိုသော ရန်စမှု၊ ရန်လိုသောအပြုအမူများကို ဆက်တိုက်ပြုလုပ်နီသောကြောင့် ရက္ခိုင်ဒေသအတွင်း မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ် ပွားလာနိုင်၍ “ပြည်သူများစစ်ရီးသတိဖြင့် အထူးသတိထား လားလာကတ်ပါရန်” ရက္ခိုင့်တပ်တော် AA က ဂျူလိုင် ၁၉ ရက်နိမှာ သတင်းထုတ်ပြန်ထားဟိသည်။
(Zawgyi)
မာန်အောင်တွင် ULA/AA အား မထောက်ခံရန် ပြည်သူများကို စစ်ကောင်စီက ဖိအားပီးခြိမ်းခြောက်၊ လူနီအိမ်များကို အဓမ္မ ဝင်မွှီ
APM၊ ဂျူလိုင် ၃၁/၂၀၂၂
အလားတူ ဂျူလိုင် ၂၈ ရက်နိ မွန်းလွဲ ၂ နာရီ ခွဲခန့် မှာ မာန်အောင်မြို့နယ်၊ သစ်ပုံရွာနန့် ဘဲအင်းရွာများသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနန့် ရဲတပ်ဖွဲ့ဝင်များ ပူပေါင်းအင်အား ၁၀ ကျော်ရို့ စီးနင်းဝင်ရောက်ပြီး လူနီအိမ်များကို အတင်းအဓမ္မ ဝင်ရောက် ရှာဖွီခသိမ့်သည်။
