
APM ၊ မေ ၃၁/ ၂၀၂၄
မေ ၂၉ ရက်နိမာ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီနန့် ၎င်းရို့လက်ကိုင်တုတ်ပူးပေါင်းအဖွဲ့ဝင်တိ အကြမ်းဖက်စီးနင်းဝင်ရောက်ပနာ အပြစ်မဲ့ အရပ်သားပြည်သူရို့ကို ဖမ်းဆီး၊ သတ်ဖြတ်မှု ဖြစ်စဉ်အတွင်း ပစ်သတ်ခံရသူ (၁၀) ယောက်အထိ ဟိလာရေလို့ သိရပါရေ။
မေ ၂၉ ရက်နိ၊ နိခင်း ၁၂ နာရီလောက်မာ စစ်ကောင်စီတပ်နန့် ၎င်းရို့လက်အောက်ခံ လက်ကိုင်တုတ်ပူးပေါင်း အဖွဲ့ဝင်အင်အား ၁၀၀ ကျော်စွာ ဗျိုင်းဖြူရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးကေ တရွာလုံးကို ပိတ်ဆို့ပနာ ရွာထဲက အိမ်တိကို တအိမ်ဆင်း၊ တအိမ်တက် ခြိမ်းခြောက်စစ်ဆီးခပါရေ။
ယင်းနောက် မသင်္ခါလို့ဆိုပနာ ရွာထဲက လူလတ်ပိုင်းအရွယ် အမျိုးသား (၂၀၀) ကျော်ကို မတရားဖမ်းဆီးနှိပ်စက်ခရေပိုင် ယင်းအမျိုးသား (၂၀၀) ကျော်၏ မိသားစုဝင်တိဖြစ်တေ အချေသူငယ်တိနန့် အမျိုးသမီးတိစုစုပေါင်း (၃၀၀) လောက်ကိုလည်း ရွာအရှိဖက် ရီကန်အနားမာ တရက်ကျော်ကြာ နီပူလှမ်း အခြောက်ခံထားခရေလို့ သိရပါရေ။
မေ ၃၀ ရက်နိမာတော့ ယင်းအကြမ်းဖက် ဖမ်းဆီးခံထားရရေ အမျိုးသား (၂၀၀) ကျော်ထဲက အမျိုးသား (၉) ယောက်နန့် အမျိုးသမီး(၁) ယောက်ကို လက်ပြန်ကြိုးတုတ်ပနာပစ်သတ်ပစ်ခပြီးကေ ကျန်အမျိုးသားတိကိုတော့ စစ်ကောင်စီ၏ စစ်တွေအခြီစိုက် ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ) သို့ အကြမ်းပတမ်း ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်လားရေလို့ သိရပါရေ။
ယင်းအပြင် ယင်းစစ်ကောင်စီနန့် ပူးပေါင်းအဖွဲ့စွာ ဗျိုင်းဖြူရွာ၊ မင်းဒရာချိုက်ရပ်ကွက်က အိမ်တဆောင်ကိုလည်း မီးတိုက်ပစ်ခကတ်တေပိုင် ရွာထဲဟိ နီအိမ်တိက ပစ္စည်းဥစ္စာတိကိုလည်း လုယက်ယူဆောင်လားပါရေ။
အလားတူ စစ်ကောင်စီနန့် ပူးပေါင်းအဖွဲ့စွာ မေ ၂၉ ရက်နိမိုးထပိုင်းအချိန် ဗျိုင်းဖြူရွာကို ဝင်မစီးခင်ကလည်း စစ်တွေမြို့နယ်၊ ရွှီမင်းဂံရွာကို စီးနင်း ဝင်ရောက်ခပြီးကေ နီအိမ်တိကို ဘက်ဟိုးနန့် ဖြိုပနာ မီးတိုက်ပစ်ခကတ်တေလို့ သိဟိရပါရေ။
