APM ၊ မေ ၃၁ / ၂၀၂၃
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လက်ဟိအချိန်ထိ ရက္ခိုင်တပြည်လုံး ကျောင်းသား၊ ကျောင်းသူဦးရေ ၃ သိန်းကျော် ကျောင်းအပ်နှံထားကြောင်း စစ်ကောင်စီ၏ ရခိုင်ပြည်နယ် ပညာရီးမှူးရုံး စာရင်းဇယားများအရ သိရသည်။
ရက္ခိုင်တွင် မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် Mocha ဆိုင်ကလုးန်မုန် တိုင်းကြောင့် အခြီခံပညာကျောင်း အများအပြား ပျက်စီးခကေလေ့ ကုန်ခသည့် မေ ၂၃ ရက်နိမှစကာ ကျောင်းအပ်လက်ခံနီသည်။
လက်ဟိအချိန် ရက္ခိုင်တပြည်လုံးအတိုင်းအတာနန့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြီခံပညာကျောင်းများအပြင် ကိုယ်ပိုင်ကျောင်းများနန့် ဘုန်းတော်ကြီးသင်ကျောင်းများ၌ ကျောင်းအပ်ထားသည့်ကျောင်းသား/ကျောင်းသူဦးရေ ၃ သိန်း ကျော်ဟိသည်ဟု ပညာရီးမှူးရုံး တာဝန်ဟိသူတယောက်ကပြောသည်။
ယင်းအထဲ မူလတန်းကျောင်းသား/ကျောင်းသူ ၁၈၀၀၀၀ ကျော်၊ အ လယ်တန်းကျောင်းသား/ကျောင်းသူ ၁ သိန်းကျော်နန့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၃၈၀၀၀ ကျော် ပါဝင်သည်ဟုဆိုဆိုသည်။
အခြီခံပညာကျောင်းများအားလုံးကိုတော့ နက်ဖြန်(ဂျုန် ၁ ရက်နိ) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မုန်တိုင်းကြောင့် ပြိုပျက် လားရသည့် ကျောင်းများဟိ ကျောင်းသား/ကျောင်းသူများ ကျောင်းတက်နိုင်ရန် ဘုန်းကြီး ကျောင်းများနန့် ယာယီစာသင် ကျောင်းများတွင် စီစဉ်ဆောင်ရွက်ပီးထားကြောင်း သိရသည်။
Photo – DMG