APM၊ မေ ၃၁ / ၂၀၂၃
ရက္ခိုင်နန့် မကွေးရို့မှ မုန်တိုင်းဒဏ်သင့်ပြည်သူ ၂ သိန်း ၃ သောင်းကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ ပီးထားကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဒေနိ(မေ ၃၁ရက်နိ) တွင် ထုတ်ပြန်သည်။
WFP အနီနန့် မုန်တိုင်းဒဏ်သင့်ပြည်သူ ၂ သိန်း ၃ သောင်းကျော်အတွက် စားနပ်ရိက္ခာနန့် လူပေါင်း ၆၃၀၀၀ ကျော်အတွက် အမိုးအကာအပါအဝင် တခြားကယ်ဆယ်ရီးပစ္စည်းများကို ဖြန့်ဝီထားသည်ဟု ဆိုသည်။
WFP က စားနပ်ရိက္ခာဖြန့်ဝီရာတွင် ရက္ခိုင်ပြည်၌ ယခင်က ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာခရသည့် မိသားစုများ၊ မူဆ လင်ဒုက္ခသည်စခန်းများနန့် ရက္ခိုင်ပြည်မြောက်ပိုင်းမှ ကျေးရွာများပါဝင်ပြီး ချင်းပြည်၊ မကွေး၊ စစ်ကိုင်းနန့် ကချင်ပြည်မှ မုန်တိုင်းဒဏ်ကို ထိခိုက်ခရသူများအတွက်လေ့ အရေးပေါ်ထောက်ပံ့ပစ္စည်းများကို ဖြန့်ဝီပီးနီကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်ဟိတွင် မုတ်သုံရာသီ နီးကပ်လာသည်နန့်အမျှ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံပြည်သူများအတွက် အမိုးအကာ၊ စားနပ် ရိက္ခာ၊ သောက်သုံးရီနန့် သန့်ယှင်းရီးသုံးပစ္စည်းများပံ့ပိုးနိုင်ရန် ဦးစားပီးလိုအပ်နီသည်ဟု WFP က ဆိုသည်။
ကုလသမဂ္ဂအနီနန့် မုန်တိုင်းဒဏ်သင့်ပြည်သူ ၁.၆သန်းအတွက် လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပီးရန် ကန်ဒေါ် လာ ၃၃၃ သန်းကို အရေးပေါ်တောင်းခံထားပြီး ယခုရောက်ဟိနီသည့် အကူအညီများသည် ယင်းအထဲမှ တစိတ်တပိုင်းဖြစ် ကြောင်းသိရသည်။
တဖက်တွင် မုန်တိုင်းဒဏ်သင့်ပြည်သူများအား WFP နန့် မိတ်ဖက်အဖွဲအစည်းများက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ များ တိုးမြှင့်ပီးနီကေလေ့ နိုင်ငံတကာအသိုက်အဝန်း၏ ပံ့ပိုးကူညီမှုများ အရေးတကြီးလိုအပ်နီသိမ့်သည်ဟုလေ့ မေ ၃၀ ရက်နိတွင် ထပ်မံ ထုတ်ပြန်ထားသည်။
Source – Myanmar: Cyclone Mocha Situation Report No.2
Photo – UNOCHA Myanmar