APM ၊ မေ ၃၁ /၂၀၂၃
စစ်တွေမြို့အနားမှ ဝင်ရောက်တိုက်ခတ်လားခသည့် ဖျက်အားပြင်း Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရက္ခိုင်ပြည်မြို့ နယ်အသီးသီးမှ ဒေသခံပြည်သူ ၁၄၆ ယောက်သီဆုံးခကာ ၁၀ ဒဏ်ရာရဟိခပြီး ၃ ယောက်ပျောက် ဆုံးနီကြောင်း ရက္ခိုင်အ မျိုးသာအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
Mocha ဆိုင်ကလုန်းမုန်တိုင်းသင့် အာရက္ခပြည်သူများအတွက် အရေးပေါ်ကူညီထောက်ပံ့ရီးကိစ္စရပ်များနန့် ပတ်သတ်၍ APM နန့် မေ ၃၀ ရက်နိက ဆက်သွယ်မိန်းမြန်းမှု၌ ဦးခိုင်သုခက ယင်းသို့ ပြောဆိုခခြင်းဖြစ်သည်။
“Mocha မုန်တိုင်းနန့် ပတ်သတ်ပြီးကေ ကျနော်ရို့ နောက်ဆုံးကောက်ယူရဟိထားရေ အချက်အလက်များအရ စုစုပေါင်းလူ သီဆုံးမှုတော့ခါ ကျနော်ရို့ ၁၄၆ ယောက်ဖြစ်ပါရေ။ သီဆုံးသူမှုကတော့ခါ စစ်တွေမှာ ၉၆ ယောက် ၊ ရသေ့တောင်မှာ ၃၇ ယောက်၊ ပုဏ္ဏားကျွန်းမှာ ၄ ယောက်၊ ကျောက်တော်မှာ ၂ ယောက်၊ ပေါက်တောမှာ ၇ ယောက်ဖြစ်ပါရေ။ စုစုပေါင်းဆိုကေ ၁၄၆ ယောက်ပါ။ ပြီးကေ ဒဏ်ရာလူ ၁၀ ယောက်နန့် ပျောက်ဆုံးလူ ၃ ယောက်ဟိပါရေ” ဟု ဦးခိုင်သုခကဆိုသည်။
အလားတူ ရက္ခိုင်တပြည်လုံး ရပ်ကွက် ကျေးရွာ ပေါင်း ၂၀၁၇ ရွာပျက် စီးလားပြီး အိမ်ခြီစုစုပေါင်း ၂၁၆၆၈၁ ဆောင်ပျက်စီး လားကာ ဒေသခံပြည်သူ ၁၂ သိန်း နန့် ၁၅ သိန်းကြား ထိခိုက်ခံစားခရကြောင်းလေ့ သူက ပြောကြားသည်။
ယင်းအပြင် စာသင်ကျောင်း ၉၇၁ ကျောင်း၊ဆီးရုံ/ဆီးခန်း ၂၅၂ ဆောင်၊ ဘာသာရီးအဆောက်အအုံ ၁၅၀၇ ဆောင်၊ ရီယာဉ်အ စီး ၂၅၀ နန့် ကား ၂၂ စီးပျက်စီးခရပြီး ကျွဲ ၊ နွား၊ဝက်၊ ဆိတ်နန့် တခြားအိမ်မွီးတရိစ္ဆာန်များအပါအဝင် စုစုပေါင်းတရိစ္ဆာန် ၁၅၃၈၈ ကောင် သီဆုံးခရသည်ဟု ဦးခိုင်သုခက ပြောဆိုသည်။
လက်ဟိ အသီအပျောက်၊ အပျက်အစီးစာရင်းများသည် လက်တလော ကောက်ယူထားသည့် စာရင်းများအရဖြစ်ပြီး မြီပြင်တွင် ဒေထက်ပိုများနိုင်ကြောင်းလေ့ ဦးခိုင်သုခက ယှင်းလင်းပြောကြားလားသည်။
Photo – Himawari-9 Channel 13