APM ၊ မေ ၃၁ / ၂၀၂၃
ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင်ဒေနိ(မေ ၃၁ ရက်နိ) နိခင်းက ဂိမ်းကဇတ်နီစဉ်မိုးကြိုးပစ်ခံရ၍ ဆယ်ကျော်သက်အရွယ် လူငယ် နှစ်ယောက်ပွဲချင်းပြီးသီဆုံးလားကြောင်း သိရသည်။
သီဆုံးသွားသူများမှာ လေးတောင်မြို့အမှတ်(၁)ရပ်ကွက်၊ နဂါးရပ်မှ ဦးမောင်မဲ၏သား မောင်လင်းလင်းထွန်း(၁၃ နှစ်)နန့် ဦးကြံရွှီမောင်၏သား မောင်မြင့်မြတ်မောင်(၁၅ နှစ်)ရို့ ဖြစ်ကတ်သည်။
လေးတောင်မြို့တွင် ဒေနိနိခင်း ၁၂ နာရီလောက် မိုးရွာသွန်းခြင်းနန့်အတူလီပြင်းတိုက်ခတ်ခရာ လျှပ်စီး အဆက်မပြတ် လက်နီခပြီး ယင်းအချိန် မောင်လင်းလင်းထွန်းနန့် မောင်မြင့်မြတ်မောင်ရို့သည် ဦးမောင်မဲ၏နီအိမ်တွင် ဖုန်းအားသွင်းလျက် ဂိမ်းကဇတ်နီ ကတ်ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
ယင်းသို့ ဂိမ်းကဇတ်နီစဉ် လျှပ်လိုက်ကာ မိုးကြိုးပစ်ခံခရခြင်းဖြစ်ပြီး ၎င်းရို့နှစ်ယောက်စလုံးနီရာတွင်ပင် ပွဲချင်းပြီး သီဆုံး လားသည် ဟုဆိုသည်။
ကုန်ခသည့် မေ ၃၀ ရက်နိကလေ့ ကျောက်ဖြူမြို့နယ်တွင် စက်လှီတစ်စီး မိုးကြိုးပစ်ခံရ၍ ဒေသခံတယောက်ပွဲချင်းပြီး သီ ဆုံးခရကာ နောက်ထပ်တယောက် ဒဏ်ရာအပြင်းအထန်ရလားခရသည့်အပြင် မေ ၂၄ ရက်နိကလေ့ ရသေ့တောင်မြို့နယ်၊ ပြိန်းတောရွာက အသက် ၄ နှစ်အရွယ်အချေတယောက် မိုးကြိုးပစ်ခံရ၍ သီဆုံးလားခရသိမ့်သည်။
မိုးလီဝသနန့်ဇလဗေဒ ဦးစီးဌာန(မိုး/ဇလ) ကတော့ ရက္ခိုင်တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းနီပြီး၊ ယင်း မိုးတိမ် တောင်များရွိလျားရာနီရာတလျှောက် မိုးရွာသွန်းခြင်းနန့်အတူလီပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ် စီးလက်ခြင်းနန့် မိုးသီးကြွီခြင်းစသည့် မိုးလီဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။