
APM ၊ မေ ၃၁ /၂၀၂၃
မြန်မာစစ်တပ်၏ တနှစ်နီးပါးကြာ ကားများသွားလာခွင့်ပိတ်ဆိုးခံထားရသည့် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို မုန်တိုင်းတိုက်ခတ်ပြီးနောက်ရက်ပိုင်းကြာတွင် ပြန်ဖွင့်ပီးထားကြောင်းသိရသည်။
ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို ကုန်ခသည့်တကျော့ပြန်တိုက်ပွဲကာလ ၂၀၂၂ ခုနှစ် ဂျုန် ၁၆ ရက်နိမှစ၍ မြန်မာစစ်တပ်က လမ်းတလျှောက် စစ်ဆီးရီးဂိတ် သုံးခုဖွင့်ကာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခသည်။
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အကြား အပစ်ရပ်လိုက်ပြီးနောက် မြန်မာစစ်တပ်က ၎င်းရို့ ပိတ်ထားသည့် ကုန်း လမ်း၊ရီလမ်းများကို ပြန်ဖွင့်ပီးသည်ဆိုသော်လေ့ ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းတလျောက်မှာတော့ဆိုင်ကယ်၊ဘေး တွဲဆိုင်ကယ်နန့် တုတ်တုတ်ချေလောက် ကိုရာ လားလာခွင့်ပြုထားကာ ကျန်ယာဉ်များ လားလာခွင့်မပြုဘဲ ဆက်လက်ကန့်သတ်ထားသည်။
လက်ဟိ အဆိုပါကားလမ်းတွင် မုန်တိုင်းသင့်ပြည်သူများကို ကူညီရန်လာသည့် ကယ်ဆယ်ရီးကားများ၊ ကုန်တင်ကားများ နန့် လိုင်းကားများအပါအဝင် ယာဉ်များအားလုံး ဗြီးဆွဲခွင့်ပြုထားကြောင်း ဒေသခံများက ပြောသည်။
ယင်းလမ်းသည် ရသေ့တောင်မြို့သို့ ကုန်စည်စီးဆင်းရာ တခုတည်းသောကုန်းလမ်းဖြစ်သည့်အပြင်၊ ဒေသခံပြည်သူ များ လေ့ အဓိက အသုံးပြုလားလာနီကတ်ရသည့် မြို့ချင်းဆက် လမ်းတခုဖြစ်သည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှ ပြည်သူများမှာလေ့ ယင်းလမ်းကို အဓိက အားထားနီကတ်ရဖြစ်ပြီး ယင်းသို့ အချိန်ကြာမြင့်စွာ ပိတ်ထားခသည့်အတွက် ဒေသခံများ၏ လူမှုဘဝစီးပွားရီးများ ဆုံးယှုံးခရကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။
