APM၊ မေ ၃၁ / ၂၀၂၃
ဒေနိ(မေ ၃၁ ရက်နိ)တွင်ကျရောက်သော ကရင်နီအမျိုးသားများကာကွယ်ရီးတပ်(KNDF)ဖွဲ့စည်းထူထောင်ခြင်း (၂) နှစ်ပြည့် အခမ်းအနားသို့ MNTJP/MNDAA၊ PSLF/TNLA၊ ULA/AA ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဂုဏ်ပြုသဝဏ်လွှာပီးပို့ကြောင်းသိ ရသည်။
သဝဏ်လွှာ၌ မြန်မာပြည်တွင် နှစ်ပေါင်း (၇၀) ကျော်ကြာ ပြည်တွင်းစစ်မီးနန့်အတူ တိုင်းရင်းသားလူမျိုးလက်နက်ကိုင်တပ်ဖွဲ့ အသီးသီးရို့သည် မိမိရို့လူမျိုးများ၏ အမျိုးသားတန်းတူရီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီး နိုင်ခွင့်ရဟိရီးရို့အတွက် မတရားသ ဖြင့် ဖိနှိပ်အုပ်ချုပ်နီသော စစ်အာဏာသျှင်စနစ်ကိုလက်ကိုင်ထားသည့် မြန်မာစစ်တပ် အား တော်လှန်တိုက်ပွဲဝင်နီကတ်သည်မှာ ဒေနိအချိန်အထိပင်ဖြစ်သည်ဟု ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ရက်နီတွင်မြန်မာစစ်တပ်မှတိုင်းပြည်အာဏာကိုမတရားသဖြင့်အာဏာသိမ်းယူလိုက်သောကြောင့် နွီဦးတော်လှန်ရီးနန့်အတူ ဗမာလူမျိုးများအပါအဝင် မြန်မာပြည်အတွင်းမှတိုင်းရင်းသားလူမျိုးပေါင်းစုံ အသီးသီးရို့ သည် မိမိလူမျိုး၊ မိမိနယ်မြီဒေသ အသီးသီးကို ကာကွယ်ရန်အတွက်ဒေသကာကွယ်ရီးတပ်များကို အသီးသီးစုဖွဲ့ခကတ်ကာ စစ် ကောင်စီအားရရာလက်နက်ရသည့်နည်းလမ်းပေါင်းစုံဖြင့်ခုခံကာကွယ်တော်လှန်တိုက်ပွဲဝင်နီကတ်သည်မှာဒေဂုဆိုလျှင်နွီဦးတော်လှန်ရီးအတွင်းမှ ပေါက် ဖွားလာသောတော်လှန်ရီးလက်နက်ကိုင်အဖွဲ့အစည်းအချို့၏တော်လှန်ရီးသက်တမ်းသည် လေ့ ၂ နှစ်ကျော်ကာလကို ရောက် ဟိလာခပြီး တော်လှန်ရီးအဟိန်သည်လေ့ ဆက်လက်ရွိလျားလျက်ဟိကြောင်းလေ့ ညီနောင်မဟာမိတ်(၃) ဖွဲ့က ဆိုသည်။
ယင်းအထဲတွင် ကရင်နီအမျိုးသားများကာကွယ်ရီးတပ် (Karenni Nationalities Defense Force-KNDF) သည်လေ့ တခု အပါအဝင်ဖြစ် သည်။ ကရင်နီအမျိုးသားများကာကွယ်ရီးတပ်သည် ကရင်နီလူမျိုးများနန့် ၎င်းရို့ဒေသဟိပြည်သူလူထု တ ရပ်လုံး၏အသက်၊ အိုးအိမ်၊ စည်းစိမ် ရို့အား ကာကွယ်စောင့်ယှောက်ရီး၊စစ်အာဏာသျှင်စနစ် အမြစ်ပြတ်နိုင်ရီး၊ အမျိုးသား တန်းတူရီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဟိရီးရို့အတွက်ကရင်နီလူမျိုးများနန့်စုဖွဲ့ထားသောတော်လှန်ရီးလက်နက်ကိုင်အဖွဲ့ အစည်း တရပ်ဖြစ်သည်။ လက်ဟိအချိန်တွင်စစ်ကောင်စီ၏ထိုးစစ်ကိုအကောင်းဆုံးကြံ့ကြံ့ခံကာ ခုခံတိုက်ခိုက်နိုင်သော အဖွဲ့အစည်း တခုဖြစ်ပြီးကရင်နီရို့၏သမိုင်းသစ်ကိုမျိုးဆက်သစ်သွီးသစ်လူငယ်များနန့် အပြောင်မြောက်ဆုံးရွီးထိုးနိုင်သော အဖွဲ့အစည်း တခုဖြစ်ကြောင်း တိုက်ပွဲများ၊ လုပ်ရပ်များဖြင့် သက်သီပြထားခပြီးဖြစ်သည် ဟုလေ့ သဝဏ်လွှာတွင်ဖော်ပြထားသည်။
တော်လှန်ရီးကာလအတွင်းအသက်၊သွီး၊ ချွေး၊ဘဝများစွာပီးဆပ်စွန့်လွှတ်ခရသောကရင်နီပြည်သူလူထု၊ကရင်နီသူရဲကောင်း များနန့် တော်လှန်ရီးရဲဘော်များကို လေးနက်စွာ တန်ဖိုးထား ဂုဏ်ပြုအပ်ပါကြောင်း၊ ၂ နှစ်တာကာလအတွင်း တော်လှန်ရီး အခက်အခဲ၊ အတား အဆီးများကို အောင်မြင်စွာကျော်ဖြတ်နိုင်ခကတ်သော KNDF အဖွဲ့အစည်းနန့် ကရင်နီလူမျိုးများ၏ ကြိုးစားအားထုတ်မှုများကို အသိ အမှတ်ပြုကြောင်းလေ့ ထုန်ပြန်ချက်တွင်ဖော်ပြထားပြီး လက်ဟိရထားသော အောင်မြင် မှုများထက်ပိုသော အောင်မြင်မှုများနန့်အတူ ကရင်နီတမျိုးသားလုံးမျှော်လင့်သောမျှော်မှန်းချက်၊KNDFမှ ချမှတ်ထားသော စစ်ရီး၊ နိုင်ငံရီးရည်မှန်းချက်များ အမြန်ဆုံးပြည့်ဝနိုင်ပါစီကြောင်းလေ့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ KNDF ဖွဲ့စည်းထူထောင် ခြင်း (၂) နှစ်ပြည့် အခမ်းအနားသို့ ပီးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်ကို တွိဟိရသည်။