APM ၊ မေ ၃၁/၂၀၂၂
မေ ၃၁ ရက်နိမှာ ကျရောက်သည့် ကရင်နီအမျိုးသားကာကွယ်ရီးတပ် (Karenni Nationalities Defense Force- KNDF) ဖွဲစည်း ထူထောင်ခြင်း တနှစ်ပြည့်နိ အခမ်းအနားသို့ “ကိုးကန့်၊ တအာင်း၊ ရက္ခိုင်”ပူးပေါင်းသည့် ညီနောင် မဟာမိတ် (၃) ဖွဲ့မှ ဂုဏ်ပြု သဝဏ်လွှာပီးပို့လိုက်ကြောင်း သိရသည်။
ယင်းဝဏ်လွှာမှာ “စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းယူခသော ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နိ နောက် ပိုင်းမှစ၍ တိုင်းရင်းသားလူမျိုးပေါင်းစုံရို့သည် မိမိလူမျိုး၊ မိမိနယ်မြီဒေသအသီးသီးကို ကာကွယ်ဖို့ နန့် အာဏာသျှင် စနစ်ကိုအပြီးသတ်တိုက်ထုတ်ဖို့အတွက် ဒေသကာကွယ်ရီးတပ်ဖွဲ့များကို ဖွဲ့စည်းပြီး အာဏာသိမ်း စစ်ကောင် စီ ကို ရရာ လက်နက်၊ ရရာနည်းလမ်းပေါင်းစုံနန့် ခုခံကာကွယ်တော်လှန်စစ်ကို ဆင်နွဲနီကတ်သော အဖွဲ့အစည်းများ အထဲတွင် KNDF လေ့ တခုအပါအဝင်ဖြစ်ကြောင်း” ဖော်ပြထားသည်။
ယင်းအပြင် “KNDFသည် ကရင်နီလူမျိုးများနန့် ကရင်နီပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ်ကို ကာကွယ် စောင့်ယှောက်ရီး၊ စစ်အာဏာသျှင်စနစ် ဖြုတ်ချရီး၊ အမျိုးသားတန်းတူရီး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဟိရီးအတွက် လက် နက်ကိုင်တိုက်ပွဲဝင်နီသော အဖွဲအစည်းတခုဖြစ်ပြီး ကရင်နီလူမျိုးများ၏ ထောက်ခံမှုကို အပြည့်အဝ ရဟိထားသော အဖွဲ့အစည်းတခု ဖြစ်ကြောင်း”လေ့ ယင်းသဝဏ်လွှာမှာ ဖော်ပြထားသည်။
ယင်းနည်းတူ KNDF သည် ညီနောင် မဟာမိတ်(၃)ဖွဲ့ နန့် တခြားတိုင်းရင်းသားတော်လှန်ရီး လက်နက်ကိုင်အဖွဲ့ အစည်းတချို့၏ ယုံကြည်မှု၊ အားပီးမှု၊ ပံ့ပိုးကူညီမှုများကို ရဟိထားကာ တနှစ်တာ ကာလအတွင်း တော်လှန်ရီး လက်နက်ကိုင်အဖွဲ့အစည်းတရပ်တွင် ဟိသင့်ဟိထိုက်သည့် လက်နက်၊ လူအင်အားဖြင့် တည်ဆောက်နိုင်ခြင်း၊ စုဖွဲ့မှု ကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခြင်း၊ ရန်သူအား ချေမှုန်းတိုက်ခိုက်နိုင်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများ တည်ဆောက်နိုင်ခြင်း အပါအဝင် ထိုက်သင့်သည့် စစ်ရီးအတွိအကြုံ ရဟိထားသော အဖွဲ့အစည်း”အဖြစ် သုံးသပ် ဖော်ပြထားသည်။ ညီနောင်မဟာမိတ်(၃) ဖွဲ့အနီနန့်လေ့ “KNDF ဂေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုကို အလေးထား အသိ အမှတ်ပြုလျက် လိုအပ်သော အကူအညီများကို တတ်စွမ်းသရွိ ပံ့ပိုးကူညီပီးလားမည် ဖြစ်ကြောင်း”လေ့ ဂုဏ်ပြု သဝဏ်လွှာတွင် ရွီးသားဖော်ပြထားပါသည်။
