APM၊ မေ ၃၁/၂၀၂၂
ဒေနိ (မေ ၃၁ ရက်နိ) မိုးထမှာ စစ်ကောင်စီတပ်က ထောင်ထားသော မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပြီး ကျောက်တော် ဒေသခံတယောက် သီဆုံးလားကြောင်း သတင်းရဟိသည်။
သီဆုံးလားလူမှာ ကျောက်တော်မြို့နယ်၊ ရုပ်သားရွာက မသိန်း (ခေါ်) ဒေါ်မတင်သိန်း (၇၅နှစ်)ဖြစ်ပြီး၊ ရွာအပြင်သို့ ဟင်းရှာ လားစဉ် ရုပ်သားရွာနန့် နဂရာရွာကြားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းကို နင်းမိခြင်းဖြစ်သည်။
ယင်းမိုင်းပေါက်ကွဲမှုကြောင့် ဒေါ်မတင်သိန်း ၏ ညာခြီထောက်မှာ ပြတ်ထွက်လားပြီး ဘယ်ခြီထောက်မှာလေ့ ပြင်းပြင်းထန် ထန် ဒဏ်ရာရဟိလားကာ ကျောက်တော်ဆီးရုံသို့ ပို့ဆောင်စဉ် လမ်းမှာသီဆုံးကြောင်း သိရသည်။
မေ ၂၉ ရက်နိကလေ့ ပလက်ဝမြို့နယ်၊ ငချားရွာက ကိုအောင်အောင်ဦး(၂၀ နှစ်)သည် ရွာနန့်တမိုင်ခန့်အကွာ မီးကျောင်းတောင်သို့ တောင်ယာလုပ်ဖို့လားစဉ် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းနင်းမိ၍ ညာခြီထောက် တွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရ လားကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် မေ ၁၅ ရက်နိက မင်းပြားမြို့နယ် ပန်းမြောင်းရွာမှ ဦးအောင်သာထွန်း(၆၇ နှစ်)သည် သူ၏လယ်ကွင်း နားက တောစပ်မှာ စစ်ကောင်စီတပ် ထောင်ထားသော မြီမြှုပ်မိုင်းကိုနင်းမိ၍ပေါက်ကွဲမှုဖြစ်ပြီး အသက်သီဆုံးလား ကြောင်း သိရသည်။
ယင်းနည်းတူ မေ ၁၄ ရက်နိကလေ့ အမ်းမြို့နယ်၊ ဒါးလက်မြောက်ရွာနားဟိ သီဟိုဠ်သရက်ခင်းထဲမှာ တိုက်ပွဲ ကာ လအတွင်းက စစ်ကောင်စီတပ် ထောင်ထားခသည့် မြီမြှုပ်မိုင်းကို နင်းမိလို အသက် ၃၀ နှစ် ဦးသန်းမင်းနိုင် သီဆုံး လားကြောင်း သိရသည်။
မေ ၁၁ ရက်နိကလေ့ ကျောက်တော်အခြီစိုက် စစ်ကောင်စီတပ် ခမရ ၃၇၅ တပ်စခန်းပတ်လည်မှာ ထောင်ထား သောမိုင်းများပေါက်ကွဲဖြစ်ပွားခကာ ယင်းပေါက်ကွဲမှုကြောင့် ခမရ ၃၇၅ အတွင်းမှာ ထိတ်လန့်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းအချင်း ပစ်ခတ်မှုတချို့ ဟိခကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
တပြည်လုံးအတိုင်းအတာအားဖြင့် အာဏာသျှင်တော်လှန်ရီးကို ရင်ဆိုင်နီရသော စစ်ကောင်စီတပ်အနီနန့် စစ်အင် အားမလုံ လောက်မှုကို မိုင်းအမြောက်အမြားထောင်၍ ဖာထီးလျက် ဟိသည်။
ယင်းနည်းတူ ၎င်းရို့စခန်းအပြင်ဘက်၊ ၎င်းရို့လားလာလှုပ်ယှားသည့် နီရာများ၊ အများပြည်သူ လားလာသည့်နီရာ များ၊ ကျွဲ၊ နွားစားကျက်မြီများ၌ မြီမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်းများကို ထောင်ထားသောကြောင့် အရပ်သားများ မကြာမကြာ မိုင်းနင်းမှုများဖြစ်ပေါ်လျက်ဟိသည်။
လယ်သမားများပိုင်ဆိုင်သည့် ကျွဲ၊ နွား သီဆုံးမှုများ၊ စစ်ကောင်စီတပ်မှ ထောင်ထားသော မြီမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်း များ နင်းမိ၍ အရပ်သားများ ကိုယ်လက်အင်္ဂါ၊ အသက်ဆုံးယှုံးမှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ဟိသည်။ ဆင်းရဲနွမ်းပါးပြည်သူများ တဝမ်းတခါး ဝမ်းစာရှာဖွီသည့် တောတောင်များအစပ်၊တောတောင်များထဲ၌ မိုင်းထောင် ခြင်းများကိုစစ်ကောင်စီတပ်မှရည်ရွယ်ချက်ဟိဟိပြုလုပ်လျက်ဟိနီသောကြောင့် ယခုကဲ့သို့ အရပ်သားများထိခိုက်၊ သီဆုံးမှု မြင့်တက်လျက်ဟိကြောင်း သိရသည်။

