
APM ၊ မာ့ချ် ၃၁ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးထားပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ် ၁၇(၁) နန့်တရားစွဲခံထားရသည့် ကျောက်ဖြူက ၁၄ ယောက်အမှုကို မာ့ချ် ၂၉ ရက်နိ၌ ကျောက်တော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခကေလေ့ တရားလို ပျက်ကွက်ပြန်၍ မစစ် ဆီးနိုင်ခဘဲ ရုံးချိန်းထပ်ရွှိလိုက်ရပြန်သည်။
ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့ တိုက်ပွဲကာလများအတွင်းက မြန်မာစစ်တပ်သည် ကျောက်ဖြူဒေသခံ ၆၀ ထက် မနည်းကို မတရားသဖြင့် ဖမ်းဆီးခပြီး ယင်းအထဲက ၁၇(၁)နန့်တရားစွဲခံထားရသည့် ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက် မှ ရပ်ကွက် အုပ်ချုပ်ရီးမှူး ဦးဝင်းမောင်အပါအဝင် ၁၄ ယောက်ကို မာ့ချ် ၂၉ ရက်နိ၌ (၁၆) ကြိမ်မြောက် ရုံးထုတ်ခခြင်း ဖြစ် သည်။
၎င်းရို့ ၁၄ ယောက်ကို စတင်ရုံးထုတ်သည့်အချိန်မှစ၍ တကြိမ်တခါမျှ ရုံးချိန်းလာရောက်ခြင်းမဟိသော မြန်မာစစ်တပ်ဖက် မှ တရားလိုသည် ဒေနိရုံးချိန်တွင်လေ့ အကြောင်းပြချက်တစုံတရာမဟိဘဲ ထပ်မံပျက်ကွက်ခသည့်အတွက် စစ်ဆီးနိုင်ခြင်း မဟိဘဲ ရုံးချိန်းထပ်ရွှိလိုက်ရပြန်ကြောင်း မိသားစုဝင်များက ပြောသည်။
ယင်းကျောက်ဖြူဒေသခံ ၁၄ ယောက်အားတရားစွဲဆိုထားသည့် တရားလိုများမှာ မြန်မာစစ်တပ်ဖက်မှ ဗိုလ်ကြီး ရှိုင်းထက်အောင်နန့်ဗိုလ်အဆင့်ဟိသူတယောက်ဖြစ်ပြီး၎င်းတရားလိုနှစ်ယောက်သည်စတင်ရုံးထုတ်သည့်အချိန်ကစကာ ရုံးချိန်းတိုင်းကို ပျက်ကွက်နီ၍ လက်ဟိအချိန်ထိအမှုမှာ ထူးခြားမှုတစုံတရာမဟိဘဲ ရုံးချိန်းရာ အကြိမ်ကြိမ် ရွှိဆိုင်းနီသည် ဟု ဆိုသည်။
အဆိုပါ ကျောက်ဖြူဒေသခံ ၁၄ ယောက်အပါအဝင် တခြားရက္ခိုင်ပြည်မြို့နယ်အသီးသီးမှ မြန်မာစစ်တပ်ဖမ်းဆီး တရားစွဲ ခံထားရ သူများ၏အမှုများတွင်လေ့ မြန်မာစစ် တပ်ဖက်က တရားလိုများသည် တရားရုံးကို မထီမဲ့မြင်ပြုလျက် အကြိမ် ကြိမ်ရုံးချိန်း လာရောက်ခြင်းမဟိ၍ အမှုမစစ်ရဘဲ ကြန့်ကြာနီကတ်ရသည့် အမှုပေါင်းမြောက်များ စွာဟိနီကြောင်း သိရ သည်။
ယင်းသို့ တရားလိုဖက်မှ ရုံးချိန်းပျက်ကွက်နီ၍ စွပ်စွဲခံရသူအမှုသည်များတွင် ရုံးချိန်းလားရသည့် စရိတ်စခ အပါအဝင် နစ်နာမှုများစွာဟိနီကာ အမှုကို အယင်စစ်ဆီးပြီး အပြစ်ဟိက ပြစ်ဒဏ်ချ၊ အပြစ်မဟိက အယင်ဆုံး ပြန်လွှတ်ပီးစီချင် ကြောင်း စွပ်စွဲခံရသူများ၏ မိသားစုဝင်များက တောင်းဆိုနီကတ်သည်။
