
APM ၊ မာ့ချ် ၃၁ /၂၀၂၃
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပြီးခသည့် ၂၀၁၆ ရွီးကောက်ပွဲမတိုင်ခင်က အပြာမင်းသမီး တဦးအား အခကြေးငွေ ပီးဆောင်ခသည်ဆိုသည့် စွဲချက်နန့် နယူးယောက်မြို့၊ မန်ဟတ်တန်ခရိုင် တရားရုံးတွင် တရားရင်ဆိုင်နီရ ကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်သည် လာမည့် ၂၀၂၄ ခုနှစ်တွင် သမ္မတအဖြစ် ထပ်မံအရွီးခံနိုင်ရီး ရီပတ်ဘလီကန် အဆိုပြုလွှာ ကိုရဟိရန် ကြိုးပမ်းနီစဉ် အဂုပိုင် တရားရင်ဆိုင်နီရခြင်းဖြစ်ပြီး၊ သူ့ကို မန်ဟက်တန်ခရိုင်ရှိနီ Alvin Bragg ဦးဆောင်သည့် စုံစမ်းစစ်ဆီး ရီးအဖွဲ့က ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုနန့် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်အနီနန့် ၎င်းအားတရားရုံးစွဲချက်ကို ရင်ဆိုင်ရန် လာမည့် ဧပြီ ၄ ရက်နိတွင် တရားရုံးသို့ လားရောက်ရမည် ဖြစ်ပြီး ၎င်း၏ ရှိနီများကတော့ အဆိုပါ စွဲချက်များအား ပြန်လည် တိုက်ဖျက်လားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထရမ့်၏ ရှိနီဖြစ်သူက ” အပြာမင်းသမီး Stormy Daniels ကို နှုတ်ပိတ်ခအဖြစ် အမေရိကန် ဒေါ်လာ ၁၃၀,၀၀၀ ပီးခ ကြောင်း”ကို စုံစမ်းရီးအဖွဲ့မှ စစ်ဆီးတွိဟိရာမှ တရားစွဲခံလိုက်ရခြင်းဖြစ်ကြောင်း AP သတင်းတရပ်က ဆိုသည်။
အပြာသရုပ်ဆောင် Daniels က ဒေါ်နယ်ထရမ့်နန့် လိင်ပိုင်းဆိုင်ရာ တွိဆုံမှုအတွက် နှုတ်ပိတ်ခအဖြစ် ငွေကြေးရဟိခ ကြောင်း ပြောဆိုထားပြီး Daniels ၏ ရှိနီ Clark Brewster က ဥပဒေအထက်တွင် မည်သူမှမဟိကြောင်း တွစ်တာတွင် ရွီးသားထားသည်။
ဒေါ်နယ်ထရမ့်ကတော့ ၎င်းစွပ်စွဲချက်များမှာ နိုင်ငံရီးအရ တိုက်ခိုက်ခြင်းနန့် ရွီးကောက်ပွဲသမိုင်းတွင် အမြင့်ဆုံးအဆင့် ဝင်ရောက် စွက်ဖက်ခြင်းဖြစ်ကြောင်း ရှုတ်ချကာ စွပ်စွဲချက်များအတွက် သူ့တွင် လုံးဝအပြစ်မဟိကြောင်း တုံ့ပြန်ပြော ဆိုထားသည်။
သမ္မတဟောင်းထရမ့်သည် ၂၀၂၀ ရွီးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာဆက်ယူနိုင်ရန် ကြိုးပမ်းသည့် စွဲချက်နန့်လေ့ ဖယ်ဒရယ်အစိုးရ တရားရီးဌာနနန့် ဂျော်ဂျီယာပြည်နယ် တရားရီးဌာနရို့၏ စုံစမ်းစစ်ဆီးမှုများကို ရင်ဆိုင် နီရကြောင်း သိဟိ ရသည်။
Source – Trump faces criminal charges in New York, a first for a former US president
Photo – AFP
