
APM ၊ မာ့ချ် ၃၁ / ၂၀၂၃
ထိုင်းနိုင်ငံသို့ လာရောက်မည့် မြန်မာအပါအဝင် နိုင်ငံခြားသားများအတွက် အခမဲ့နီထိုင်ခွင့်ဗီဇာ (Visa Free)ကို ၄၅ ရက်ခွင့်ပြုထားရာမှ ဧပြီ ၁ ရက်နိမှစကာ ၁၄ ရက်ရာခွင့်ပြုရန် ပြန်လည်သတ်မှတ်လိုက်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မာ့ချ် ၃၀ ရက်နိတွင် အသိပီးထုန်ပြန်သည်။
ထုတ်ပြန်ချက်၍ “ထိုင်းနိုင်ငံသို့ ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၁ ရက်နိမှ ၂၀၂၃ ခုနှစ်၊ မာ့ချ် ၃၁ ရက်နိအတွင်း လာရောက် ကတ်သည့် မြန်မာပြည်အပါအဝင် အခမဲ့ဗီဇာသဘောတူညီမှုရဟိထားသည့် နိုင်ငံတချို့မှ နိုင်ငံခြားသားများသည် ၄၅ ရက် အထိ နီထိုင်နိုင်ပြီး ဆိုက်ရောက်ဗီဇာရဟိထားသည့် နိုင်ငံခြားသားများသည် ရက် ၃၀ အထိ နီထိုင်ခွင့်ရခသည်”ဟု ဖော်ပြ ထားသည်။
လာမည့် ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နိမှစ၍ အယင်အတိုင်း အခမဲ့နီထိုင်ခွင့်ဗီဇာ (Visa Free)နန့် ၁၄ရက်သာ နီထိုင်ခွင့်ရဟိ မည် ၍ ရက်ရှည်နီထိုင်လိုသူများအနီနန့် ထိုင်းသံရုံး (ရန်ကုန်) ၌ ဗီဇာလျှောက်ထားရမည်ဖြစ်ကြောင်းလေ့ ထုတ်ပြန်ချက်က ဆို သည်။
ယင်းသို့ နီထိုင်ခွင့်ဗီဇာလျော့ချခံရသည့်အထဲတွင် မြန်မာပြည်သာမက ကမ္ဘောဒီးယား၊ လာအို၊ မကာအို၊ မွန်ဂိုလီးယား၊ ရုသျှ နန့် တခြားနိုင်ငံတချို့လေ့ ပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည်များအတွက် စမ်းသပ်ကာလအဖြစ် ၂၀၂၂ ခုနှစ် အောက်တို ဘာလမှစ၍ ဗီဇာမလိုဘဲ ၄၅ ရက် နီထိုင်ခွင့်ပြုပီးခပြီး ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်နိတွင် စမ်းသပ်ကာလ ကုန်ဆုံးမည် ဖြစ် ကြောင်း သိဟိရပါသည်။
Photo – Bangkok Post
