APM ၊ မာ့ခ်ျ ၃၁ / ၂၀၂၃
ကမ္ဘာ့အဆင့် (၇၄ )ရိုမေးနီးယားတင်းနစ်မယ် ဆီရာစတီယာသည် မိုင်ယာမီအိုးပင်းဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက် လားကြောင်းသိရသည်။
ဆီရာစတီယာသည် ကွာတားဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၂)ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာကို (၆:၄)၊ (၆:၄) ဖြင့် အပြတ်အသတ်အနိုင်ရကာ ဆီမီးဖိုင်နယ်သို့တက်ရောက်လားခြင်းဖြစ်သည်။
ပြိုင်ပွဲတလျှောက်လက်စွမ်းပြနီသည့် ဆီရာစတီယာက “ဒေပွဲစွာ ခက်ခဲရေပွဲတပွဲဖြစ်လာဖို့လို့ ထင်ပြီးသားပါ။ ဒေနိ စွမ်းဆောင်ရည်အတွက် ပျော်ပါရေ။ အမှန်ဝန်ခံရကေ အေပိုင်ရလဒ်ကို မမျှော်လင့်ထားခပါ။”လို့ ဆိုသည်။
ဆီရာစတီယာသည် ၁၀ နှစ်အတွင်း WTA ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် ပြန်လည်တက်ရောက် လာနိုင်ခြင်းဖြစ်သည်။
အသက် ၃၂ နှစ်အရွယ် ဆီရာစတီယာသည် မိုင်ယာမီအိုးပင်းဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကမ္ဘာ့အဆင့် (၁၂) ချက်ဇ်တင်းနစ် မယ် ပီထရာဗစ်တိုဘာနန့် လာမည့် ဧပြီ ၁ ရက်နိတွင် ယှဉ်ပြိုင်ကဇတ်ရမည်ဖြစ်ကြောင်း သိရသည်။
Source – Miami Open 2023: Sorana Cirstea stuns Aryna Sabalenka to reach semi-finals
Photo – Getty Images