APM၊ ဒီဇမ်ဘာ ၃၁/၂၀၂၂
မောင်တောမြို့နယ်တွင် မြန်မာစစ်တပ် ဖမ်းဆီးခြင်းခံခရပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)ဖြင့် အမှုဖွင့်ခံထားရသည့် မင်းပြားမြို့နယ်မှ တက္ကသိုလ်ဝင်တန်းကျောင်းသူနန့် ဆိုင်ကယ်ကယ်ရီးသမားရို့ကို လက်ဟိ အချိန်ထိ မိသားစုဝင်များ တွိခွင့်မရသိမ့်ကြောင်း သိရသည်။
အဆိုပါ မြန်မာစစ်တပ် ဖမ်းဆီးခြင်းခံခရပြီးနောက် ပုဒ်မ ၁၇(၁)(၂) ဖြင့်အမှုဖွင့်ခံထားရသူ ၂ ယောက်မှာ မင်းပြားမြို့ နယ်၊ ပြိုင်းတောရွာမှ တက္ကသိုလ်ဝင်တန်းကျောင်းသူ မအေးမြစန္ဒာနန့် မောင်တောမြို့နယ်မှ ကိုမောင်မောင်ကျော် ရို့ဖြစ်သည်။
သူရို့ကို ပြီးခသည့် နိုဗမ်ဘာ ၁ ရက်နိ က မောင်တောမြို့နယ်၊ကြိမ်ချောင်းနယ်ခြားစောင့်တပ် နခခ(၇) စစ်ဆီးရီးဂိတ် တွင်မြန်မာစစ်တပ်မှ ဖမ်းခေါ်လားခခြင်းဖြစ်သည်။
ယင်းနောက် မအေးမြစန္ဒာနန့်ကိုမောင်မောင်ကျော်ကို ဒီဇမ်ဘာလ ပထမအပတ်၌ မြန်မာစစ်တပ်က ပုဒ်မ ၁၇ (၁)(၂) ဖြင့် အမှုဖွင့်ထားသည်ဟုကြားရကေလေ့ လက်ဟိအချိန်ထိ ရုံးထုတ်ခြင်းမဟိသည့်အပြင် မိသားစုနန့်လေ့ တွိခွင့်မရသိမ့်ဟု မိသားစုဝင်များက ပြောသည်။
ယင်းအပြင် သူရို့နှစ်ယောက်ကို ဒီဇမ်ဘာ ၅ ရက်နိက ရုံးထုတ်စစ်ဆီးမည်ဟု မိသားစုဝင်များကို အ ကြောင်းကြား လာ၍ လားရောက်ခကေလေ့ ရုံးထုတ်ခြင်း မဟိသည့်အပြင် သတင်းအစအနပင် မကြားခရဟု ဆိုသည်။
မအေးမြစန္ဒာသည် တက္ကသိုလ်ဝင်တန်းကို ဝိပ္ပံဘာသာတွဲဖြင့် ပြင်ပမှဝင်ရောက်ဖြေဆိုနီသူဖြစ်ပြီး မောင်တောမြို့ နယ်၊ တမန်းသားရွာဟိ ဆွီမျိုးများထံသို့ အလည်အပတ်လားရောက်ခပြီးနောက် မိမိနီရပ်သို့ပြန်လာစဉ် ဖမ်းဆီးထိန်းသိမ်းခံခရကြောင်းသိရသည်။