
APM ၊ ဒီဇမ်ဘာ ၃၁ / ၂၀၂၂
မြန်မာပြည်မှ NUG၊ PDF ကို အားပီးကူညီသည်ဟုဆိုကာ ရက္ခိုင်ပြည်၊ သံတွဲမြို့မှ ပန်းချီဆရာမတဦးကို ဒီဇမ်ဘာ ၃၀ ရက်နိ၌ သံတွဲခရိုင်တရားရုံးက အလုပ်ကြမ်းနန့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အလုပ်ကြမ်းနန့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသူမှာ သံတွဲမြို့၊ အမှတ်(၅)ရပ်ကွက်မှ မရွှန်းစန္ဒာ(ခေါ်) ဒေးဒေး ဖြစ်ပြီး၊ သူ့ကို ကုန်ခသည့်ဂျူလိုင် ၂၇ ရက်နိက ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလားခခြင်းဖြစ်သည်။
ယင်းနောက် မရွှန်းစန္ဒာသည် “Day Day” Facebook အကောင့်ဖြင့် နိုင်ငံတော်တည်ငြိမ်အီးချမ်းရီးကို ပျက်ပြားစီရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခသည်ဟုဆိုကာ စစ်ကောင်စီက သံတွဲခရိုင် တရားရုံး၌ အကြမ်းဖက်မှု တိုက်ဖျက်ရီး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုခခြင်းဖြစ်သည်။
အမှုကို သံတွဲခရိုင်တရားရုံး၌ လေးလကြာ တရားရင်ဆိုင်ပြီးခရပြီးနောက် အကြမ်းဖက်မှုမြောက်သည်ဟုဆိုကာ ဒီဇမ်ဘာ ၃၀ ရက်နိရုံးချိန်းတွင် အလုပ်ကြမ်းနန့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း မိသားစုဝင် များက ပြောသည်။
မရွှန်းစန္ဒာသည် NUG၊ PDFရို့မှတင်ထားသည့် ပို့စ် တခုကို ဖေ့စ်ဘုတ် တွင် မျှဝီ မိ၍ စစ်ကောင်စီမှ ဖမ်းဆီးလား ခြင်းဖြစ်ပြီး၊ တရားရုံးတင် စစ်ဆီးရာတွင်လေ့ မရွှန်းစန္ဒာ၏ လက်သုံးချောင်းထောင်ထားသည့် ဓာတ်ပုံနန့် ၎င်းမျှဝီ ထားသည့်ဖေ့စ်ဘုတ်မှ “NUG၊PDFရို့တင်ထားသောပို့စ်”အား တရားလိုဖက်ကသက်သီပြနိုင်ခသည့်အတွက် အဂုပိုင် နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
