
APM၊ အောက်တိုဘာ ၃၁/ ၂၀၂၃
ကုန်ခရေ အောက်တိုဘာ ၂၇ ရက်နိကစတင်ခရေ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီး (၅) ရက်မြောက်နိအဖြစ် ဒေနိ (အောက်တိုဘာ ၃၁)ရက်နိမာ ဖြစ်ပွားခရေ တိုက်ပွဲသတင်းကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ပါရေ။
ဒေနိ (အောက်တိုဘာ ၃၁ ရက်)နိ၊ မိုးထ ၆ နာရီလောက်ကစလို့ ရက္ခိုင့်တပ်တော် (AA) နန့် ကချင်လွတ်မြောက်ရီးတပ်မတော် (KIA) ပူးပေါင်းစစ်ကြောင်းစွာ လိုင်ဇာက ၂၅ ကီလိုမီတာလောက် ကွာဝီးရေ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနားဟိ စစ်ကောင်စီ၏ ကန်တောင်ယန် (ဂန်ဒေါင်ယန်) စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခရေလို့ ဆိုပါရေ။
အဆိုပါစစ်ဆင်ရီးစွာ ၂ နာရီခွဲလောက်ကြာမြင့်ခပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခပြီးကေ စစ်ကောင်စီတပ်၏ လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတိနန့် ရန်သူ့အလောင်းတချို့ကို သိမ်းဆည်းရမိခပနာ အဆိုပါစခန်းကို ဦးဆောင်နီရေ စစ်ကောင်စီ၏ ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ကျဆုံးလားကြောင်း သိရပါရေ။
အလားတူ တရက်တည်းမာ ရက္ခိုင့်တပ်တော် (AA) နန့် ကချင်လွတ်မြောက်ရီးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့ရို့စွာ နမ္မတူမြိုနယ်၊ မုံးမော်၊ နမ့်ဟိုင်းဟိ စစ်ကောင်စီလက်အောက်ခံ ခလရ (၃၂၄) ကို အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခပါရေ။
တချိန်တည်းမာ သျှမ်းမြောက်မာလေ့ တိုက်ပွဲတိပြင်းထန်နီပြီးကေ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားရှိးမြိုနယ်ဟိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်း ကို အောက်တိုဘာ ၃၀ ရက်နိကစလို့ ဒေနိအထိ ဆက်လက် ချေမှုန်းတိုက်ခိုက်နီတုန်းဖြစ် ကြောင်း သိရပါရေ။
ဒေနိ မိုးထပိုင်း ၄ နာရီလောက်မာ ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲက တအာင်းတပ်မတော် (TNLA) ရေ တအာင်းပြည်နယ်၊ တပ်မဟာ (၄) စစ်ဒေသ၊ လားရှိးနန့် သိန္နီမြိုနယ်ကြား စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်း ကို အပြီးသတ် ချေမှုန်းတိုက်ခိုက်ခရေ လို့ ဆိုပါရေ။
အောက်တိုဘာ ၃၀ ရက်နိက တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့ဟိ စစ်ကောင်စီ၏ မန်ခမ်းစုပေါင်း စစ်ဆီး ရီး ဂိတ်စခန်း ကို တအာင်းတပ်မတော် (TNLA) နန့် ပူးပေါင်းအဖွဲ့ရို့က ချေမှုန်းတိုက်ခိုက်ခပြီးကေ အဆိုပါ တိုက်ပွဲ အတွင်း စစ်ကောင်စီဖက်က ၃ ယောက်သီဆုံးခရေပိုင် ဒု-ရင်းမှူးအပါအဝင် ၈ ယောက် ဒဏ်ရာအပြင်းအထန် ရဟိခရေလို့ ဖော်ပြပါရေ။
အဆိုပါတိုက်ပွဲတိအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း အမြောက်အမြားနန့်တတူ လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်း အမြောက်အမြားရို့ကို သိမ်းဆည်းရမိခပြီးကေ စစ်သုံ့ပန်းတချို့ကိုလေ့ ဖမ်းဆီးမိခရေလို့ သိရပါရေ။
စစ်ကောင်စီအနီနန့် မြီပြင်စစ်ကူမရဟိရေအချိန်တိမာ လီကြောင်းကိုအားကိုးပြီးကေ စစ်လက်နက် ပစ္စည်းတိကို လေကြောင်းက ချပီးခြင်းအပါအဝင် ဂျက်လီယာဉ်၊ Mi-35 တိုက်လီယာဉ်တိနန့် စစ်ကူပီးနီပြီးကေ တိုက်ပွဲ မဖြစ်တေနီရာတိက အရပ်သားပြည်သူတိကိုလေ့ လီကြောင်းက ပစ်ခတ်မှုတိ လုပ်ဆောင်နီရေလို့ ဆိုပါရေ။
ဂန်ဒေါင်ယန်စခန်း “နောက်ဆက်တွဲအနီနန့် စစ်ကောင်စီရေ ဒေနိ နိခင်း ၂ နာရီခွဲလောက်ကစလို့ KIO ဌာနချုပ်ဟိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနားဟိ အာလော့န်ဘွမ် တောင်ကုန်းဖက်သို့ လီကြောင်းနန့် ပစ်ခတ်မှုတိ လုပ်ဆောင်နီ လျက်ဟိရေလို့ ဖော်ပြပါရေ။
ပထမ (၅) ရက်တာ စစ်ဆင်ရီးကာလအတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁) အတွင်းက “ချင်းရွှေဟော်” နန့် “ဖောင်းဆိုင်” မြိုတိကို အပြီးသတ်ထိန်းချုပ်ထားပြီးကေ သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိဟိရပါရေ။

